မြို့နယ်မီးသတ်ဦးစီးဌာနမှ ရပ်ကွက်/ကျေးရွာများအတွက် အပေါ့စား မီးသတ်ရေစုပ်စက်များ ပေးအပ်

သုံးခွ ၂၂ စက်တင်ဘာ

 

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် မီးဘေးလုံခြုံရေးအတွက် မီးသတ်ဦးစီးဌာနမှ တိုင်းဒေသကြီး ခွင့်ပြုငွေဖြင့် ချထားပေးသော သုံးခွမြို့နယ် မီးသတ်စခန်းရှိ အပေါ့စားမီးငြှိမ်းသတ်စက် ပေးအပ်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၂ နံနက် ၁၀ နာရီက မြို့နယ်မီးသတ်စခန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

 

thda

 

 

အဆိုပါအခမ်းအနားတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဆွေ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်တို့က အမှာစကားများ ပြောကြားပြီး မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးပြည့်ဖြိုးဟန်မှ အပေါ့စားမီးသတ် ရေစုပ်စက်အား ပေးအပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မီးသတ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက အပေါ့စားမီးသတ်ရေစုပ်စက် (၁၀)လုံးအား ကျေးရွာ(၈)ရွာ အရန်မီးသတ်တပ်ဖွဲ့ရှိသည့် ရပ်ကွက်တစ်ခုနှင့် ကျေးရွာတစ်ရွာတို့အား ပေးအပ်ခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဒေါ်ဌေးဌေးဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

 

fire

 

ဆက်လက်၍ မီးသတ်ဦးစီးဌာနမှ အပေါ့စား မီးသတ်စက်အသုံးပြုပုံများကို လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။

သုံးခွ (ပြန်/ဆက်)