မြို့နယ်ပညာရေးမှူး ဖလား အသက်(၁၄)နှစ်အောက် ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲဖွင့်ပွဲ ကျင်းပ

ချောင်းဆုံ ၄ ဇူလိုင်    


မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး ပေါင်းကျင်းပသည့် ၂၀၁၉ ခုနှစ် မြို့နယ်ပညာရေးမှူးဖလား၊ အသက်(၁၄)နှစ်အောက်ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီခွဲက မြို့နယ်အားကစားကွင်းတွင် ကျင်းပခဲ့သည်။


ဖွင့်ပွဲအခမ်းအနားတွင်  မြို့နယ်ပညာရေးမှူး ဦးခင်လှက အဖွင့်အမှာစကားပြောကြားပြီး စစ်ရေးပြမှူးက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုကာ ပြိုင်ပွဲဝင်အားကစားသမားများမှ စစ်ကြောင်းဖြင့် ချီတတ်အအလေးပြုခဲ့ကြသည်။ ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကာမှူးဦးစောမင်းထူးအောင်က ပံ့ပိုးသည့် အားကစားပစ္စည်းများအား ပေးအပ်ခဲ့ရာ မြို့နယ်ပညာရေးမှူး ဦးခင်လှက လက်ခံရယူသည်။ 


အဆိုပါဘောလုံးပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်းစုံမှ စုံအလိုက် အသင်း(၁၀)သင်းတို့ ပါဝင်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး အဖွင့်ပွဲစဉ်အဖြစ် ချောင်းဆုံအသင်းနှင့် ကညှော်ဇုံ အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။


မြို့နယ်(ပြန်/ဆက်)

 

1