ယခုကဲ့သို့မိုးဦးကျမှစတင်၍ မိုးရာသီတွင်အဖြစ်များသောကူးစက်ရောဂါများကို ကြိုတင် သတိပြုကာကွယ်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
စဉ် |
ရောဂါများ |
ကူးစက်ပြန့်နှံ့ပုံ |
ကြိုတင်ကာကွယ်ရေး နည်းလမ်းများ |
၁ |
သွေးလွန် တုပ်ကွေး ရောဂါ |
ရောဂါပိုးရှိသည့် ခြင်ကျားကိုက်ခံရခြင်းဖြင့် ကူးစက်ပါသည်။
|
(၁) ခြင်ကိုက်မခံရအောင်နေထိုင်ပါ။ (၂) မိမိပတ်ဝန်းကျင်တွင်ခြင်ကျား မပေါက်ပွားနိုင်စေရန် ဆောင်ရွက်ပါ။ |
၂ |
ဝမ်းပျက် ဝမ်းလျှော ရောဂါများ |
|
(၁) ရေကို(ဖြစ်နိုင်ပါက) ကျိုချက်၍ သောက်သုံးပါ (၂) အစားအစာများကို ပူပူနွေးနွေး စားသုံးပါ၊ ယင်မနားအောင်ဖုံးအုပ်ထားပါ၊ ယင်နားစာများကိုရှောင်ကြဉ်ပါ။ (၃) အစာမစားမီနှင့် အိမ်သာအထွက်တွင် လက်ကိုဆပ်ပြာဖြင့်ဆေးပါ။ (၄) လက်သည်းညှပ်ပါ။ (၅) မိမိအိမ်နှင့် ပတ်ဝန်းကျင်တွင် ယင်ကောင်၊ ကြွက်စသည်တို့ မခိုအောင်းစေရန်အမှိုက်သရိုက် များကိုရှင်းလင်းထားပါ။
|
စဉ် |
ရောဂါများ |
ကူးစက်ပြန့်နှံ့ပုံ |
ကြိုတင်ကာကွယ်ရေး နည်းလမ်းများ |
၃ |
ရာသီ တုပ်ကွေး ရောဂါ |
ရောဂါရှိသူနှာချေ/ချောင်းဆိုးခြင်းဖြင့် အသက်ရှူ လမ်းကြောင်းမှတဆင့် အခြားသူများသို့ ကူးစက်ပါသည်။ |
(၁) နှာချေတိုင်း/ ချောင်းဆိုးတိုင်း နှာခေါင်းနှင့်ပါးစပ်ကိုလုံအောင် အုပ်ပါ။ (၂) လက်ကိုဆပ်ပြာဖြင့် မကြာခဏ ဆေးပါ။ (၃) လူထူထပ်သောနေရာများနှင့် ပွဲလမ်း သဘင်များသို့သွားလာခြင်းကိုရှောင်ကြဉ်ပါ။ |
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန