မိုးရွာသွန်းမှုကြောင့်  မိုးကုတ်တွင် နေအိမ်ပျက်စီးပြီး တံတိုင်းပြိုကျမှုဖြစ်ပွား

မိုးကုတ်  ၃၀  ဇူလိုင်

 

ပြင်ဦးလွင်ခရိုင် မိုးကုတ်မြို့တွင် အခုလ ၂၉ ရက်က မိုးရွာသွန်းမှုကြောင့်  နေအိမ်ပျက် စီးခြင်းနှင့် တံတိုင်းပြိုကျမှု တို့ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(မိုးကုတ်) မှ   သိရသည်။

 

 မိုးကုတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး နေရာအချို့တွင် ကမ်းပါးရံပြိုကျမှုကြောင့် အုတ်တံတိုင်း ပျက်စီးခြင်းနှင့် ချောင်းရေတိုက်စားမှုကြောင့် နေအိမ်အချို့ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 

"မိုးရွာသွန်းမှုကြောင့် မိုးကုတ်မြို့အနောက်ပိုင်း ကသဲအုပ်စုမှာ လူးထချောင်းရေတိုက်စားလို့ လူးထရပ် ဧရာဝတီချောင်းက အိမ်တစ်ခြမ်းပျက်စီးခဲ့တယ်။ အခြားအိမ်တစ်လုံးလည်း ကွဲအက် မှုဖြစ်ပေါ်ခဲ့ပါတယ်။ သေဆုံးတာ၊ ထိခိုက်ဒဏ်ရရှိတာတော့ မရှိပါဘူး"ဟု မြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေးအဖွဲ့(မိုးကုတ်) ၏ပြန်ကြားရေးတာဝန်ခံ ကိုဟိန်းထက်မောင်က ပြောသည်။

 

မိုးရွာသွန်းမှုကြောင့် မိုးကုတ်မြို့အနောက်ပိုင်း ကသဲအုပ်စုတွင် လူးထချောင်းရေတိုက်စားမှုကြောင့် လူးထရပ် ဧရာဝတီချောင်းရှိ နေအိမ်တစ်ခြမ်းပျက်စီးခြင်း၊ အခြားအိမ်တစ်လုံးမှာ ကွဲအက်မှု တစ်ခုဖြစ်ပေါ်ခဲ့ခြင်း၊ ကျပ်ပြင်အုပ်စု ဂေါင်းဦးဘာရပ်တွင် မိုးသည်းထန်စွာရွာသွန်း၍ ရေတိုက်စားမှုကြောင့် ပေ(၅၀ )ခန့်ရှိ နေအိမ်တံတိုင်း ပြိုကျကာ အိမ်အချို့ထိခိုက်ပျက် စီးမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ကျောက်ပြသာဒ် လမ်းရေအေးရွာအထိပ်တွင်လည်း မြေလွှာများပြိုကျပြီး လမ်းပိတ်ဆို့မှုများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

 

 အဆိုပါ နေရာများသို့  မိုးကုတ်မြို့နယ် မီးသတ်တပ်ဖွဲ့နှင့် အရန်မီးသတပ်ဖွဲ့၀င်များ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(မိုးကုတ်) ၊မြို့နယ်ကြက် ခြေနီတပ်ဖွဲ့၊ ပါရမီလူမှုကူညီရေး အသင်းအဖွဲ့များပါ ၀င်သည့် ပူးပေါင်းအဖွဲ့များ ရောက်ရှိကာ မိုးရွာသွန်းမှုကြာင့် ထိခိုက်ပျက်စီးမှုများအား ရှင်းလင်းခြင်း၊ အိမ်ထောင်စုများကို ဘေးလွတ်ရာသို့ ပြောင်းရွေ့ကူညီရေးလုပ်ငန်း များဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

မေသက်ထား