မိုးရေဝင်သဖြင့် ရှော့ဖြစ်ပြီး မီတာ(၅)လုံး မီးလောင်မှု ဖြစ်ပွား

၈ သြဂုတ်


ရန်ကုန်အနောက်ပိုင်းခရိုင် ဗဟန်းမြို့နယ် ဆရာစံရပ်ကွက် ဥယျာဉ်လမ်း အမှတ် ၇၅ ရှိ ဦးစိုးဝင်း၏ ခြံဝင်းတွင် တပ်ဆင်ထားသော အိမ်သုံးမီတာ ၄ လုံး နှင့် ပါဝါမီတာ ၁ လုံး စုစုပေါင်း မီတာ ၅ လုံးသည် ယမန်နေ့ ညနေ ၆ နာရီအချိန်ခန့်က မီတာများထားရာ အုတ်နံရံအောက်အတွင်းသို့ မိုးရေဝင်သဖြင့် ပါဝါမီတာရှော့ ဖြစ်ပြီး မီးလောင်ရာမှ အိမ်သုံးမီတာ ၄ လုံး၏ ကာဗာများ အရည်ပျော်၍ ပျက်စီးမှုဖြစ်ပေါ်ခဲ့သည်။
             

မီးရှော့ ဖြစ်ရာ နေရာသို့ ဗဟန်းမြို့နယ်မှ မီသတ်ယာဉ် ၂ စီး ရောက်ရှိကူညီပြီး ညနေ ၆ နာရီ ၁၅ မိနစ်ခန့်တွင် အဆိုပါခြံဝင်းသို့ ဓာတ်အားယာယီဖြတ်တောက်ထားပြီး ယခုအခါ ပုံမှန်အတိုင်း ဓါတ်အားဖြန့်ဖြူးပေးထားပြီးဖြစ်သည်။ ဖြစ်စဉ်ကြောင့် YESC ဌာနပိုင် မီတာ ၅ လုံး ပျက်စီး ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။


ကျော်ဆန်းမြင့်  ပြန်/ဆက်  

 

1