မြို့သစ်မြို့၌(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဌာနပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ

မြို့သစ်   ဇန်နဝါရီ   

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ   ရက်တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ဌာနပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကို မြို့မပြည်သူ့အားကစားကွင်းအတွင်း၌ ဇန်နဝါရီ ရက် နံနက်ပိုင်းမှ စတင်၍ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အမျိုးသား(အလွတ်တန်း) ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ  ပြုလုပ်ခဲ့သည်။

 

အဆိုပါ ပြိုင်ပွဲတွင်  မြို့သစ်မြို့နယ်ရှိ  ပိုက်ကျော်ခြင်း အားကစားအသင်း()သင်း ဝင်ရောက်ယှဉ်ပြိုင် လျက်ရှိကာ ပထမနေ့တွင် မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများအသင်းနှင့် မြို့နယ်လျှပ်စစ်ဝန်ထမ်းများအသင်းတို့ ယှဉ်ပြိုင်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အသင်းကအနိုင်ရရှိခဲ့ပြီး ကျန်ရှိသော ဌာနဆိုင်ရာ အသင်းအဖွဲ့ များလည်း ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်းနှင့် ဆုရရှိသည့် အသင်းများအား (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပြိုင်ပွဲကျင်းပရေးကော်မတီ၊  မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့မှ  ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း  သိရသည်။

 

ကိုဇော်(ပြန်/ဆက်)