မြို့သစ်မြို့နယ်၌ ပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်သည့် သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေး စားသုံးသီးနှံမျိုးစေ့နှင့် ပျိုးပင်များထောက်ပံ့

မြို့သစ် ၂ ဇွန် 

မကွေးခရိုင်၊ မြို့သစ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ပြည်သူများ နေ့စဉ်စားသုံးလျက်ရှိသည့် စားသုံးသီးနှံများ ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် အဟာရပြည့်ဝပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေး စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးခြင်းနှင့်အတူ သီးနှံမျိုးစေ့များ ထောက်ပံ့ပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ပုလင်းကြီးကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

1

 

ပေးအပ်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းသူဝင်းက ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့်အတန်း မြင့်မားရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်လင်းက ဘေးအန္တရာယ်ကင်းရှင်းကာ ကျန်းမားရေးနှင့်ညီညွတ်သည့် စားသုံသီးနှံများ အောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးနိုင်ရေး နည်းစနစ်များနှင့် သီးနှံမျိုးစေ့များ ထောက်ပံ့ပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

 

2

 

ထို့နောက် ပုလင်းကြီးကျေးရွာ၊ လုလင်ကျေးရွာနှင့် တလုပ်ပင်ကျေးရွာတို့မှ အိမ်ခြံမြေ စိုက်ပျိုးသည့် မိသာစု (၈၅)စုအတွက် ကျန်းမာရေး အထောက်အကူပြု ဆေးဖက်ဝင် စိုက်ပျိုးသီးနှံ ပျိုးပင်များဖြစ်သည့် ပေါက်ပန်းဖြူပျိုးပင် ၂၅ဝ ပင်၊ ဒန့်သလွန် ပျိုးပင် ၁၅ဝ ပင်၊ ကင်ပွန်းချဉ်ပျိုးပင် ၁၅ဝ ပင်၊ သင်္ဘောပျိုးပင် ၁၀ဝဝ ပင်နှင့် မိုးရာသီ စဖိုးဆောင်သီးနှံ (၇)မျိုးပါရှိသည့် မျိုးစေ့ထုပ် ၅၉ ထုပ်တိုး ကျေးရွာနေပြည်သူများအား ထောက်ပံ့ပေးခဲ့ကာ သဘာဝမြေဆွေး ကျင်းတူးဖော်ခြင်းလုပ်ငန်းအား လက်တွေ့ပြသပေးသည်။

၎င်းနောက် ကျေးရွာတာဝန်ခံတစ်ဦးက စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ ဘေးဥပါဒ်ကင်းရှင်းပြီး၊ ကျန်းမာရေးအသိဖြင့် စိုက်ပျိုးထုတ်လုပ်နိုင်စေရန် ပေါင်းစပ်ဆောင်ရွက်ပေးသည့်အပေါ် ကျေးဇူးတင်စကား ပြောကြားသည်။

ဝေဖြိုးလေး(မကွေး)