မြို့တော် ကိယက်ဖ်အား ထိန်းချုပ်ထားနိုင်ဆဲဖြစ်ကြောင်း ယူကရိန်းစစ်ဘက်ပြောကြား

ကိယက်ဗ် မတ် ၁

 

ယူကရိန်းနိုင်ငံ၏ မြို့တော်ကိယက်ဗ်အား ထိန်းချုပ်ထားနိုင်ဆဲအခြေအနေတွင် ရှိနေကြောင်း ယူကရိန်းစစ်ဘက်က ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

 

ယူကရိန်းစစ်ဘက်၏ မြေပြင်တပ်ဖွဲ့ဝင်များ ဖော်ပြထားသည့် ဖေ့ဘွတ်ခ်စာမျက်နှာများအရ ယူကရိန်းနိုင်ငံ၏ မြို့တော်ကိယက်ဗ်၏ ဆင်ခြေဖုံးဒေသများအား ချေမှုန်းမည့် ရုရှားတပ်ဖွဲ့ဝင်များ၏ ကြိုးပမ်းမှုများကို ပြန်လည်လက်တုံ့ပြန်နိုင်ဆဲအနေအထားတွင် ရှိနေဆဲဖြစ်ကြောင်း သိသည်။

 

ရုရှားတပ်ဖွဲ့ဝင်များက ခါကစ်ဗ်၊ ကိယက်ဗ်နှင့် ချာနီဟစ်ဗ်စသည့်ဒေသများအား လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသော်လည်း ယူကရိန်း လေကြောင်းရန်ကာကွယ်ရေးအဖွဲ့အနေဖြင့် အဆိုပါ တိုက်ခိုက်မှုများအား လက်တုံ့ပြန်နိုင်ခဲ့ကြောင်း သိရသည်။

 

အထက်ပါသတင်းနှင့်စပ်လျဉ်း၍ ရုရှားနိုင်ငံဘက်က ယခုအချိန်အထိ အတည်ပြုပြောကြား ခဲ့ခြင်းမရှိကြောင်း သိရသည်။ ။

 

ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ကိုနာရှန်ကော့ဗ်က၏ ပြောကြားချက်အရ ရုရှားနိုင်ငံ၏ ယူကရိန်းနိုင်ငံအား စစ်ဆင်ရေးစတင်ခဲ့ပြီးနောက်ပိုင်း ယူကရိန်းစစ်ဘက်ဆိုင်ရာ အဆောက်အအုံ ၉၇၅ ခုအား ရုရှားတပ်ဖွဲ့ဝင်များက ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- အလင်းသစ်