မြို့တော်နယူးဒေလီ၌ ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာကန့်သတ်ချက်များ ဖြေလျှော့ပေး

မတ် ၁

 

မြို့တော်နယူးဒေလီတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ နေ့စဉ်ကူးစက်ဖြစ်ပွားမှုများနည်းပါးလာရာ ကိုဗစ်-၁၉ ရောဂါဆိုင်ရာကန့်သတ်ချက်များ ဖြေလျှော့ပေးခဲ့သည်။

 

နိုင်ငံတစ်ဝန်းတွင် ဇန်နဝါရီလနှောင်းပိုင်းကစတင်ကာ ကိုဗစ်ကူးစက်ဖြစ်ပွားမှုများ သိသိသာသာလျော့ကျ ခဲ့သည်။

 

ပြီးခဲ့သည့်တနင်္ဂနွေနေ့က နယူးဒေလီတွင် ရောဂါကူးစက်ခံရသူ ၄၈၄ ဦးရှိရာ ကိုဗစ်ကူးစက်ခံရမှုနှုန်းသည် သုည ဒသမ ၉၅ ရာခိုင်နှုန်းရှိသည်။

 

ထိုမြို့ရှိစားသောက်ဆိုင်များသည် ယခုအခါ ကိုဗစ်ကန့်သတ်ချက်များမလိုအပ်တော့ပဲ ဖွင့်လှစ်ရောင်းချခွင့် ရရှိခဲ့သည်။ ကိုယ်ပိုင်ယာဉ်ဖြင့်သွားလာသူများအနေဖြင့် ပါးစပ်၊ နှာခေါင်းစည်းများတပ်ဆင်ရန် မလိုအပ် တော့ခြင်းသည် နှစ်နှစ်အတွင်း ပထမဆုံးအကြိမ် ဖြစ်သည်။

 

အာဏာပိုင်များက ဖေဖော်ဝါရီလတွင် နိုင်ငံအတွင်းဆိုက်ရောက်လာသူတိုင်း ခုနစ်ရက်ကြာ ကွာရန်တင်းဝင်ရောက်မှုကို အဆုံးသတ်ခဲ့သည်။ 

 

အိန္ဒိယနိုင်ငံတွင် လူမှုရေးလှုပ်ရှားမှုများ ပုံမှန်အတိုင်း ပြန်လည် လည်ပတ်နေပြီဖြစ်သည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို