မိုးဦးရာသီမှာ အဆွေးသီချင်းတစ်ပုဒ်ဖြစ်သည့် မျက်ရည်မိုး သီချင်းအား ဖြိုးပြည့်စုံ ရိုက်ကူးတင်ဆက်

၁၃  ဇွန်

မိုးအေးအေးဖြင့် သီချင်းများ နားဆင်နိုင်ရန်အတွက် တေးသံရှင် ဖြိုးပြည့်စုံ အဆွေးသီချင်းပုံစံ သီဆိုထားသည့် " မျက်ရည်မိုး" သီချင်း Music Video ကို  v7 Entertainment မှ ပရိသတ်အတွက် တင်ဆက်ထားကြောင်း သိရသည်။

"Stay Home ကာလမှာ ပရိသတ်တွေ နားဆင်နိုင်ဖို့ V7 Entertainment ကနေ သီချင်းဟောင်းလေးတစ်ပုဒ်ကို ပြန် ရိုက်ကူးပြီးတော့ တင်ဆက်ပေးမှာပါ။ မိုးရာသီနဲ့ လိုက်ဖက်တဲ့ အဆွေးသီချင်းလေးပါ။ တေးရေး ကီးရှိန် ရေးပေးထားတဲ့ မျက်ရည်မိုး ဆိုတဲ့ သီချင်းလေးပါ။ ကိုယ့်တိုင်မျှော်လင့်ထားတဲ့သီချင်းမို့ ပရိသတ်တွေလည်း အကြိုက်တွေထပ်တူကြပါစေလို့ မျှော်လင့်ပါတယ်"ဟု တေးသံရှင် ဖြိုးပြည့်စုံက ပြောသည်။

အဆိုပါ "မျက်ရည်မိုး"တေးသီချင်းကို ဒါရိုက်တာ ပြည့်ဖြိုးနိုင် Myanmar Media 7 က ရိုက်ကူးထားပြီး သရုပ်ဆောင်များဖြစ်သည့် ဗညားဘုန်းပြည့်နှင့် ရည်မွန်ကြည်တို့က ပါဝင်သရုပ်ဆောင်ထားကြောင်း သိရသည်။

Stay Home ကာလတွင် V7 Entertainment မှ ဇွန်လအတွင်း တေးသံရှင် ၄ ဦးဖြစ်သော ဖြိုးပြည့်စုံ၊ အိုင်းရင်းဇင်မာမြင့်၊ Jewel နှင့် မေ တို့ သီဆိုထားသော တေးသီချင်းများကို ပရိသတ်များအတွက် Music Video များ ရိုက်ကူးပြီး အွန်လိုင်းပေါ်တွင် တင်ပေးမည်ဖြစ်ကြောင်း သိရသည်။

ကိုလင်း