မက်ဗီဒက်ဗ် နဲ့ မကျေပွဲနွှဲရမယ့်အခွင့်အရေးရရှိခဲ့တဲ့ ဆစ်ဆီပက်

ဇန်နဝါရီ   ၂၈

ဂရိတင်းနစ်ကစားသမား စတီဖာနော့ဆစ်ဆီပက်နဲ့ ရုရှားတင်းနစ်ကစားသမား ဒန်နီအီလ်မက်ဗီ ဒက်ဗ်တို့ဟာ ဩစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲရဲ့ အမျိုးသားတစ်ဦးချင်း ကွာတားဖိုင်နယ်အဆင့်မှာ ပြိုင်ဘက်အသီးသီးကို အနိုင်ရရှိခဲ့တာကြောင့် ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းခွင့်ရရှိခဲ့ပြီဖြစ်တာမို့ စတီဖာဍဆစ်ဆီပက်ဟာ မက်ဗီဒက်ဗ်နဲ့ မကျေပွဲ ပြန်လည်နွှဲရမယ့် အခွင့်အရေးတစ်ရပ်ကို ရရှိခဲ့ပြီ ဖြစ်ပါတယ်။

ရုရှားတင်းနစ်ကစားသမား မက်ဗီဒက်ဗ်ဟာ ဩစတြေးလျအိုးပင်း ကွာတားဖိုင်နယ်အဆင့်မှာ ကနေဒါတင်းနစ်ကစားသမား ဖိလစ်အော်ဂါ-အလီ ယက်ဆီမီကို အနိုင်ရရှိကာ ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းခွင့်ရရှိခဲ့တာဖြစ်ပြီး မက်ဗီဒက်ဗ်က ၆-၇(၄-၇)၊ ၃-၆၊ ၇-၆(၇-၂)၊ ၇-၅၊ ၆-၄နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဂရိတင်းနစ်ကစားသမား ဆစ်ဆီပက်ကတော့ ကွာတားဖိုင်နယ်အဆင့်မှာ အီတလီ တင်းနစ်ကစားသမား ဂျန်နှစ်ဆင်နှာကို ၆-၃၊ ၆-၄၊ ၆-၂ နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ဆစ်ဆီပက်နဲ့ မက်ဗီဒက်ဗ်တို့ဟာ ပြီးခဲ့တဲ့နှစ် ဩစတြေးလျအိုးပင်းတင်းနှစ်ပြိုင်ပွဲရဲ့ အမျိုးသား တစ်ဦးချင်း ဆီမီးဖိုင်နယ်အဆင့်မှာ ထိပ်တိုက်တွေ့ဆုံခဲ့ဖူးပြီး အဲဒီလိုတွေ့ဆုံချိန်မှာ မက်ဗီဒက်ဗ်ကဆစ်ဆီ ပက်ကို ၆-၄၊ ၆-၂၇-၅နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ဆစ်ဆီပက်နဲ့ မက်ဗီဒက်ဗ်တို့ရဲ့ အခုတစ်ကြိမ် ထိပ်တိုက်တွေ့ဆုံမှုဟာ ဆစ်ဆီပက်အတွက် မကျေပွဲပြန်လည်နွှဲရမယ့် အခွင့်အရေးတစ်ရပ်ဖြစ်သလို တင်းနစ်ကစားသမားဘဝတစ်လျှောက် ဩစတြေးလျအိုးပင်း တင်းနှစ်ပြိုင်ပွဲရဲ့ နောက်ဆုံးဗိုလ်လုပွဲအဆင့်ကို ပထမဆုံးအကြိမ်တက်လှမ်းခွင့် ရရှိမယ့် အခွင့်အရေးတစ်ရပ်လည်း ဖြစ်ပါတယ်။

အခုနှစ် ဩစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲမှာ လက်ရှိချန်ပီယံဂျိုကိုဗစ် မပါဝင်နိုင်ခဲ့တာကြောင့် မက်ဗီဒက်ဗ်အနေနဲ့ သြစတြေးလျအိုးပင်းတင်းနှစ် ချန်ပီယံဖြစ်ခွင့်ရရှိဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

လက်ရှိချန်ပီယံ ဂျိုကိုဗစ်ဟာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးတာကြောင့် ဗီဇာငြင်းပယ် ခံခဲ့ရပြီးနောက် ဩစတြေးလျနိုင်ငံကနေ နှင်ထုတ်ခံခဲ့ရခြင်းဟာ ဂျိုကိုဗစ်ရဲ့ လူငယ်ပြိုင်ဘက်တွေထဲက တစ်ဦးကို ဩစတြေးလျအိုးပင်း ချန်ပီယံဖြစ်လာစေမယ့် လမ်းကြောင်းပေါ် ရောက်ရှိစေခဲ့တာဖြစ်ပြီး လက်ရှိ အမေရိကန်အိုးပင်းတင်းနစ် ချန်ပီယံမက်ဗီဒက်ဗ်ဟာ ဩစတြေးလျအိုးပင်းတင်းနစ် ချန်ပီယံဖြစ်လာဖို့ ရေပန်းစားနေတာ ဖြစ်ပါတယ်။

ငွေကြယ်