မက်ဒရစ်မြို့တော်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုဆိုင်ရာ ကန့်သတ်ချက်များပြန်လည်ချမှတ်

၂ အောက်တိုဘာ

 

စပိန်နိုင်ငံမက်ဒရစ်မြို့တော်နှင့်၎င်း ဆင်ခြေဖုံးဒေသများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများမြင့်တက်လာသဖြင့် အသွားအလာကန့်သတ်ချက်များ ပြန်လည်ချမှတ်ခဲ့သည်။

 

စပိန်နိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၀ ရာခိုင်နှုန်းကျော်မှာ မက်ဒရစ်ဒေသတွင် ဖြစ်ပွားသည်ကို တွေ့ရှိခဲ့ရသည်။

 

မက်ဒရစ်မြို့တော်နှင့်အနီးနားရှိ ဒေသကိုးခုကို ကိုဗစ်-၁၉ ရောဂါကူးစက်မှုဆိုင်ရာ ကန့်သတ်ချက်များ ချမှတ်ရန် စပိန်အစိုးရက ယမန်နေ့က တရားဝင်ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။

 

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စီမံချက်များအရ ပြည်သူများအနေဖြင့် စာသင်ကျောင်း၊ လုပ်ငန်းခွင်နှင့် အခြားမရှိမဖြစ်လိုအပ်သောနေရာများမှအပ အဝင်အထွက်ကန့်သတ်ထားမည် ဖြစ်သည်။

 

စားသောက်ဆိုင်များနှင့်ဘားများကိုလာရောက်သူ အရေအတွက်ကန့်သတ်ထားပြီး ၎င်းဆိုင်များကိုလည်း ည ၁၁ နာရီတွင် ပိတ်ရန် ညွှန်ကြားချက်ထုတ်ပြန်မည်။ အဆိုပါကန့်သတ်ချက်များသည် ဤစနေ၊တနင်္ဂနွေတွင် သက်ဝင်မည် ဖြစ်သည်။

 

ဉရောပ ကိုဗစ်-၁၉ ရောဂါကူးစက်မှုအဆိုးရွားဆုံးနိုင်ငံများတွင် စပိန်နိုင်ငံပါဝင်သည်။

 

ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ ဖြစ်ပွားနေချိန်တွင် စပိန်အစိုးရအနေဖြင့် စီးပွားရေးပြန်လည်တည်ဆောက်ရန် ရုန်းကန်လှုပ်ရှားနေရသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို