မကွေးမြို့နယ် စည်ပင်သာယာရေးကော်မတီသို့  လက်သန့်ဆေးရည်နှင့် ဆပ်ပြာရည်များလှူဒါန်း

မကွေး  ၃၁  မတ် 

 

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် လက်သန့်ဆေးရည်နှင့် ဆပ်ပြာရည်ဘူးများ လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက မကွေးမြို့နယ် စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

 

ထိုသို့လှူဒါန်းရာတွင် အလှူရှင်များဖြစ်ကြသော ABC Telecom Co.,Ltd မှ မန်နေဂျာ ဦးအောင်သူဖြိုး၊ အကြံပေး ဦးကြည်သန်းတို့မှ စည်ပင်သာယာရေးကော်မတီသို့  ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် လက်သန့်ဆေးရည် ၃၀၀ ဘူးနှင့် ဆပ်ပြာရည် ၃၀၀ ဘူးတို့ကို ပေးအပ်လှူဒါန်းခဲ့သည်။

 

အခမ်းအနားသို့ မကွေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ခင်မောင်ဦး၊ မကွေးတက္ကသိုလ် ဓာတုဗေဒဌာနမှ ဌာနမှူး ဒေါ်သီတာအောင်နှင့် ဆရာမများ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးကျော်ဌေး၊ ဒေါ်ခင်ချိုလတ်၊ စည်ပင်သာယာရေး ကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များများ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

သန်းနိုင်ဦး(ငဖဲ)