မကွေးတိုင်းဒေသကြီး သဘင်အစည်းအရုံးမှ မင်းတုန်းမြို့နယ်ရှိ သဘင်အစည်းအရုံးအဖွဲ့ဝင်များအား အခြေခံစားသောက်ကုန်ထောက်ပံ့

မင်းတုန်း  ၂၇  ဧပြီ

 

မကွေးတိုင်းဒေသကြီး သဘင်အစည်းအရုံးဥက္ကဋ္ဌ ဦးမင်းခန့်ကိုနှင့် အဖွဲ့က ယမန်နေ့ညနေ ၃  နာရီခွဲတွင် မင်းတုန်းမြို့နယ်ရှိ သဘင်အစည်းအရုံး အဖွဲ့ဝင် (၅၇)ဦးအား အခြေခံ စားသောက်ကုန် (၅)မျိုးကို မြန်မာနိုင်ငံ သဘင်အစည်းအရုံး၏ လမ်းညွှန်မှုနှင့်အညီ လာရောက်ထောက်ပံ့ခဲ့သည်။

 

ယခုကဲ့သို့ ထောက်ပံ့ခြင်းမှာ မြန်မာနိုင်ငံ သဘင်အစည်းအရုံးနှင့် CBKMA ဖောင်ဒေးရှင်းတို့ လှုဒါန်းမှု အစီအစဉ်ဖြင့် ထောက်ပံ့ခြင်းဖြစ်ပြီး မင်းတုန်းမြို့နယ်ရှိ သဘင်အစည်းအရုံးအဖွဲ့ဝင် (၅၇)ဦးအား (၁)ဦးလျှင် ဆန်(၈)ပြည်၊ ဆီ(၅၀)သား၊ ကုလားပဲ(၅၀)သား၊ ကြက်သွန်နီ (၁)ပိဿာနှင့် ဆား(၅၀)သားတို့အား ထောက်ပံ့ခဲ့ကြောင်း သိရသည်။

 

ချင်းကလေး(NRDC)