မကွေးတိုင်းဒေသကြီး၌ ဧပြီလအတွင်း လူဦးရေ နှစ်ထောင်ကျော် လေဘေးသင့်ခဲ့ရ

မကွေး  ၂၇  ဧပြီ

 

မကွေးတိုင်းဒေသကြီးအတွင်း၌ ဧပြီလ ၉ရက်နေ့မှစ၍ လေပြင်းတိုက်ခတ်မှု များ ဖြစ်ပေါ်ခဲ့ပြီး လူဦးရေ ၂၀၆၁ ဦး လေဘေးသင့်ကာ ဆန်ရိက္ခာနှင့် အိမ် ဆောက်ပစ္စည်းဖိုး ၁၆၆ သိန်းကျော် ထောက်ပံ့မှုများ ဆောင်ရွက်ပေးထားကြောင်း မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနမှ သိရသည်။

 

 

" မကွေးတိုင်းထဲမှာ ဧပြီ ၉ရက်လောက်ကစပြီး လေပြင်းတွေတိုက်ခဲ့ပါတယ်။ မြို့နယ် ၁၀ မြို့နယ်မှာ ဖြစ်နေတာ။မကွေးမြို့နယ်မှာ အိမ်ခြေ အလုံး ၂၃၀ နဲ့ဆင်ပေါင်ဝဲမှာ အိမ်ခြေ ၁၉၄ လုံး ပျက်ဆီးခဲ့တယ်။ ဒီနှစ်မြို့က အဖြစ်အများဆုံးပေါ့။ ဌာနအနေနဲ့ကတော့ ထောက်ပံမှုတွေ အမြန်ဆုံး လုပ်ဆောင်ခဲ့ပါတယ် '' ဟု ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာန ၊ တိုင်းဦးစီးမှူး ဦးမြင့်စိုးက ပြောသည်။

 

1804

 

လေပြင်းတိုက်ခတ်မှုများကြောင့် နေအိမ် (၉)လုံး ပြိုကျကာ နေအိမ် (၄၉၃)လုံး တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ကြောင်း အိမ်ထောင်စု(၅၀၂) စု ၊ လူဦး ရေ (၂၀၆၁ )ဦး ဘေးကြုံခဲ့ရကြောင်း တိုင်းဦးစီးမှူးထံမှ သိရသည်။

 

စလင်းမြို့နယ် နှင့် ဆိပ်ဖြူမြို့နယ်တို့၌ ဧပြီလ ၂၅ရက်နေ့က တိုက်ခတ်ခဲ့သော လေပြင်းကြောင့် နေအိမ် ၄၅လုံး ပျက်ဆီးမှုဖြစ်ကာ လူဦးရေ ၂၀ဝ ကျော်လေဘေးကြုံ၍ နွား ၃ ကောင် သေဆုံးခဲ့ရကြောင်း ၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် တစ်ပတ်စာ ဆန်ဖိုး ၁၉၇၆၃၀ဝ ကျပ် ထောက်ပံထားကြောင်း မကွေးတိုင်း ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။

 

ဇေယျတု(မကွေး)