မကွေးတိုင်းတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း၌ မီးသတ်ယာဉ်များ ဝယ်ယူဖြည့်တင်း

မကွေး  ၂၉  ဇူလိုင်

 

မကွေးတိုင်းဒေသကြီးအတွင်းတွင် မီးဘေးကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးမှု နည်းပါးစေရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၌ မီးသတ်ယာဉ်များ ဝယ်ယူဖြည့်တင်းထားကြောင်း တိုင်း မီးသတ်ဦးစီးဌာန မှ သိရသည်။

                       

ငွေကျပ် (၉၆.၁၀ဝ)သန်း တန်ဖိုးရှိ  မီးငြိမ်းသတ်ယာဉ်(၂)စီး ၊ ငွေကျပ်(၁၉၁.၇၀ဝ)သန်း တန်ဖိုးရှိ မီးသတ်ရေသယ်ယာဉ် (၃)စီးကို ယခုဘဏ္ဍာနှစ်၌ ဝယ်ယူဖြည့်တင်းထားခြင်းဖြစ်သည်။

 

mdn

 

 “ အရင်တုန်းကထက်စာရင် မြို့နယ်တိုင်းမှာ ၊ အချက်အချာကျတဲ့ရွာတွေမှာ မီးသတ်ကားတွေ ရှိလာပါပြီ။ မီးသတ်တပ်ဖွဲ့အနေနဲ့ မြန်မြန်သိ ၊ မြန်မြန်သွား ၊ မြန်မြန်ငြှိမ်းသတ်ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ပြည်သူတွေ ဆုံးရှုံးနစ်နာမှု နည်းပါးဖို့အတွက် မီးသတ်ယာဉ်တွေ ၊ တပ်ဖွဲ့တွေကို အဆင်သင့်ပြင်ဆင်ထားပါတယ် ” ဟု မကွေးတိုင်းမီးသတ်ဦးစီးဌာန ၊ ညွှန်ကြားရေးမှူး ဦးအောင်ဝင်းစိန်က ပြောသည်။          

           

မကွေးတိုင်းတစ်ခုလုံးရှိ မီးသတ်စခန်းများ၌ ၂၀၁၆ခုနှစ် မှ ၂၀၂၀ ခုနှစ်အထိ မီးသတ်ယာဉ်(၃၅)စီး ၊  မီးသတ် ရေသယ်ယာဉ်(၁၂)စီး ဝယ်ယူထားပြီး နှစ်စဉ်ဖြည့်တင်းမှုများ ဆက်လက်လုပ်ဆောင် သွားမည် ဖြစ်ကြောင်း မကွေးတိုင်း မီးသတ် ဦးစီးဌာနမှ သိရှိရသည်။

 

တိုင်းအတွင်းရှိ မီးသတ်တပ်ဖွဲ့များသည် ယခုဘဏ္ဍာနှစ်အတွင်း ရှာဖွေကယ်ဆယ်ရေး နှင့် ပြည်သူ့ အကျိုးပြုလုပ်ငန်း(၁၇၉)ကြိမ် လုပ်ဆောင်နိုင်ခဲ့ပြီး သန္ဓေမီးသတ်(၁၀၈၅)ဦး ၊ အရန်မီးသတ်(၁၂၁၄ဦးဖြင့် မီးဘေးနှင့် သဘာဝဘေးသင့်ခဲ့သည့် အိမ်ခြေ(၁၄၆၈)လုံး ၊ ဘေးသင့်သူ(၃၂၆၆)ဦး နှင့် ဘေးကြောင့် ဒဏ်ရာရသူ၊ သေဆုံးသူများ၏ ကိစ္စများကိုလည်း ကူညီ ပေးခဲ့ကြောင်း သိရသည်။

 

ဇေယျတု(မကွေး)