မချမ်းဘော့မြို့နယ်၌ ကျောင်းသား ကျောင်းသူ(၁၀၁၈) ဦးအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးဖြစ်

မချမ်းဘော့  ဇွန် ၉

 

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ် အ‌ခြေခံပညာကျောင်းများရှိ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဇွန် ၃ရက်မှစ၍ သတ်မှတ်ထားသည့်‌နေရာများအလိုက် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက်၉နာရီ၌ အထကခွဲကျောင်းတွင် ထိုးနှံပေးခဲ့သည်။

       

မချမ်းဘော့မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အသက်၅နှစ်မှ ၁၂နှစ်ကြားရှိ ဆေးထိုးနှံရန် လျာထား စာရင်းမှာ(၁၁၁၉)ဦးရှိသည့်အနက် ဇွန်လ ၈ရက်အထိ ထိုးနှံပြီးသူ (၇၅၁) ဦးနှင့် အသက်၁၂ နှစ်မှ အသက် ၁၈ နှစ်ကြားရှိ ကျောင်းသားကျောင်းသူများ(၂၆၇)ဦး စုစုပေါင်း(၁၀၁၈)ဦး ထိုးနှံပြီးခဲ့ပြီး ထိုးနှံရန် ကျန်ရှိသော ကျောင်းသားကျောင်းသူများအား ဆက်လက်ထိုးနှံသွားမည်ဖြစ်ကြောင်း သိရသည်။

                         

မြို့နယ်ပြန်/ဆက်