မလေပြေသွေး အကယ်ဒမီ အကူမယ်၏ အနုပညာစကားသံ

ရန်ကုန် ၂၂ မတ်

 

သမီးမေမေကို တစ်ရက်မှာ ဦးရန်လေးက ဖုန်းဆက်လာတယ်၊ သမီးကို အကယ်ဒမီ အကူမယ်အဖြစ် ခေါ်မယ်ပေါ့နော်၊ အဲဒါနဲ့ လက်ခံဖြစ် သွားတာပါ၊ အနုပညာကတော့ ဝါသနာ ပါပါတယ်၊ ဒါပေမယ့် ရှေ့ဆက်ပြီးတော့ ဘာဆက်ဖြစ်ဦးမလဲ မသိဘူး၊ အနုပညာကို လုပ်ဖြစ်ရင်တော့ မင်းသမီးတို့ ဘာတို့ လုပ်ချင်ပါတယ်၊ ဒီအနုပညာလမ်းကြောင်း မလျှောက်ဖြစ်ခဲ့ရင်တော့ သမီးက ပရဟိတဘက်တွေ ဘာတွေစိတ်ဝင်စားပါတယ်၊ အခုလိုပါ ဝင်ခွင့်ရပြီး ကူညီရတဲ့အတွက်လည်း ဂုဏ်ယူရပါတယ်။

 

MDN