ကွာလာလမ်ပူ စက်တင်ဘာ ၁၉
မလေးရှားနိုင်ငံ၏ မော်တော်ယာဉ် ရောင်းချရမှုသည် ဩဂုတ်လအတွင်း အစီးရေ ၆၆၆၁၄ စီးအထိရှိခဲ့ခြင်းကြောင့် လစဉ်မော်တော်ယာဉ် ရောင်းချရမှုမှာ ၃၆ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း မလေးရှားမော်တော်ကားအသင်း (အမ် အေအေ)က စက်တင်ဘာ ၁၉ ရက်တွင် ပြောကြားသည်။
လွန်ခဲ့သည့်နှစ် ဩဂုတ်လအတွင်း မလေးရှားနိုင်ငံ၏ မော်တော်ယာဉ် ရောင်းချရမှုသည် အစီးရေ ၁၇၉၂၃ စီး ရှိကြောင်းနှင့် ယခုနှစ်ဩဂုတ်လတွင် အစီးရေ ၆၉၃၇၈ စီးအထိ ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။
နှစ်အလိုက် မလေးရှားနိုင်ငံ၏ မော်တော်ယာဉ် ရောင်းချရမှုသည် ပြီးခဲ့သည့်နှစ်က အစီးရေ ၂၇၄၆၀၀ ရောင်းချနိုင်ခဲ့ရာမှ ယခုနှစ်တွင် ၄၄၇၂၀၉ စီးရောင်းချနိုင်ခဲ့ခြင်းကြောင့် ၆၂ ဒသမ ၈၆ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ ကြောင်း သိရသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- အလင်းသစ်