မလေးရှားနိုင်ငံက အသက်မပြည့်တဲ့ ကလေးငယ်တွေနဲ့ ထိမ်းမြားခြင်းကို ကုလရှုတ်ချ

၁၉ စက်တင်ဘာ

အသက် ၁၅ နှစ်သာရှိသေးတဲ့ မလေးရှားနိုင်ငံသူ အမျိုးသမီးငယ်ကို အသက် ၃ ဆလောက်ကြီးတဲ့ အမျိုးသားတစ်ယောက်က ထိမ်းမြားလက်ထပ်ခဲ့ခြင်းအပေါ်ကို ကုလသမဂ္ဂက ဒီကနေ့ (ဗုဒ္ဓဟူးနေ့)က ရှုတ်ချလိုက်ပြီး  အသက်မပြည့်သေးသူ အမျိုးသမီးငယ်တွေကို လက်ထပ်ခွင့်ပြုထားတဲ့ မူဆလင်နိုင်ငံတွေ အပေါ်လည်း အဲဒီလိုခွင့်ပြုထားတာတွေကို ရပ်တန့်ဖို့အတွက် ဖိအားပေးလိုက်ပါတယ်။ 

ဆယ်ကျော်သက်ရွယ် အမျိုးသမီးငယ်ဟာ အသက် ၄၄ နှစ်အရွယ်ရှိ အမျိုးသားရဲ့ ဒုတိယ အိမ်ထောင်ဖက်အဖြစ် ဇွန်လိုင်လက အစ္စလာမ်တရားရုံးမှာ လက်ထပ်ခွင့် ပြုလိုက်တာဖြစ်ပါတယ်။
ဇွန်လကလည်း အသက် ၁၁ နှစ်အရွယ်မိန်းကလေးငယ်ကို အသက် ၄၁ နှစ်အရွယ် မလေးရှား ရော်ဘာလုပ်ငန်းရှင် က လက်ထပ်ခဲ့ပါသေးတယ်။ ဒီဖြစ်ရပ်နှစ်ခုလုံးဟာ မလေးရှားနိုင်ငံ ကီလာတန်ပြည်နယ်မှာ ဖြစ်ခဲ့တာလို့ သိရပါတယ်။ 

မလေးရှားနိုင်ငံဥပဒေအရ တရားဝင်ခွင့်ပြုထားတဲ့ အသက်မှာ ၁၆ နှစ်ဖြစ်ပေမယ့် မူဆလင် ထုံးတမ်းစဉ်လာအရ ဘာသာရေးခေါင်းဆောင်တွေရဲ့ ခွင့်ပြုချက်ရရှိရင် သတ်မှတ်ထားတဲ့ အသက် မပြည့်ခင် လက်ထပ်ပိုင်ခွင့် ရှိနေပါတယ်။ 

MDN
ကိုးကား-AFP