မလေးရှားနိုင်ငံ၌ နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၃၄၉၆ဝ၉ဝ အထိရှိလာ

ကွာလာလမ်ပူ မတ် ၄

 

မလေးရှားနိုင်ငံ၌ မတ် ၂ ရက် ညသန်းခေါင်အထိ ကိုဗစ်-၁၉ ထပ်မံ ကူးစက်ဖြစ်ပွားသူ ၂၇၅၀၀ ရှိလာပြီးနောက် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၃၄၉၆၀၉၀ အထိရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ဖော်ပြခဲ့သည်။ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူများအနက် ၄၂၈ ဦးမှာ ပြည်ပ ကူးစက်ဖြစ်ပွားမှုဖြစ်ကာ ၂၇၀၇၂ ဦးမှာ ပြည်တွင်းကူးစက်မှုဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

 

နောက်ထပ် ကိုဗစ်-၁၉ ဖြင့်သေဆုံးသူ ၁၁၅ ဦး ရှိလာသောကြောင့် စုစုပေါင်းသေဆုံးသူ ၃၂၉၄၂ ဦးအထိ ရှိလာခဲ့သည်။

 

ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည်ကောင်းမွန်လာသူ ၂၇၅၅၇ ဦးရှိလာသောကြောင့် စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု ကောင်းမွန်လာသူပေါင်းမှာ ၃၁၆၉၆၆၉ ဦးအထိ ရှိလာခဲ့သည်။

 

လတ်တလော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၂၉၃၄၇၉ ဦးတွင် ၃၆၀ ဦးမှာ အထူးကြပ်မတ် ကုသဆောင်တွင် ကုသလျက်ရှိပြီး ၁၉၄ ဦးမှာ အသက်ရှူ အထောက်အကူပြု ကိရိယာ လိုအပ်လျက်ရှိသည်။

 

မတ် ၂ ရက် တစ်ရက်တည်းတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပြီးသူ ၉၇၅၃၄ ဦးရှိခဲ့သည်။ လူဦးရေ၏ ၈၂ ဒသမ ၉ ရာခိုင်နှုန်းမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ် ထိုးနှံမှုခံယူပြီးပြီဖြစ်သည်။ ၇၈ ဒသမ ၉ ရာခိုင်နှုန်းမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်အဝထိုးနှံမှု ခံယူပြီးပြီဖြစ်သည်။ ၄၅ ဒသမ ၄ ရာခိုင်နှုန်းမှာ အပိုဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးပြီဖြစ်သည်။

 

ဆင်ဟွာ