မလေးရှားနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၀၈၃၇ ဦးရှိ

ကွာလာလမ်ပူ   ဩဂုတ်   ၂၄

မလေးရှားနိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၀၈၃၇ ဦးရှိခြင်းကြောင့် နိုင်ငံတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၁၅၉၃၆၀၂ ဦးရှိလာကြောင်း မလေးရှားကျန်းမာရေးဝန်ကြီး ဌာနက ယနေ့တွင် သတင်းထုတ်ပြန် သည်။

အဆိုပါတစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၀၈၃၇ ဦးအနက် ၂၀၈၁၅ ဦးသည် ပြည်တွင်း၌ ကူးစက်ခံရသူများဖြစ်ကြောင်းနှင့် ၂၂ ဦးသည် ပြည်ပမှပြန်လာသူများအနက်မှ ကူးစက်ခံရသူများဖြစ်ကြောင်း မလေးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် နော်ဟစ်ရှမ်အဗ္ဗဒူလာက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၂၁၁ ဦးထပ်တိုးလာခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၁၄၅၅၃ ဦးရှိလာကြောင်း သိရသည်။ ထို့ပြင် မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံ အသီးသီးမှ ဆင်းခွင့်ရရှိသူ၁၈၆၁၃ ဦးရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူစုစုပေါင်း ၁၃၁၆၃၃၆ ဦးရှိလာကြောင်းနှင့် ယင်းအရေအတွက်သည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ စုစုပေါင်း၏ ၈၂ ဒသမ ၆ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

လက်ရှိတွင် မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိဆဲ လူနာစုစုပေါင်း ၂၆၂၇၁၃ ဦးရှိကြောင်း၊ ယင်းတို့အနက် ၁၀၆၃ ဦးသည် အထူးကြပ်မတ်ကုသဆောင်များ၌ ဆေးဝါးကုသမှုခံ ယူလျက်ရှိကြောင်း နှင့် ၅၁၁ ဦးသည် အသက်ရှူအထောက်အကူပြုကိရိယာများ လိုအပ်လျက်ရှိကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-အလင်းသစ်