မလေးရှားနိုင်ငံရေး ကာတွန်းဆရာကို စွဲဆိုထားတဲ့ အမှုရုပ်သိမ်း

၁ သြဂုတ်

နာဂျစ်အစိုးရကို သရော်တဲ့ ကာတွန်းတွေ ရေးဆွဲတဲ့ မလေးရှား နိုင်ငံရေး ကာတွန်းဆရာ ဇန်နာ (ကလောင်အမည်)ကို စွဲဆိုထားတဲ့ နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တရားစွဲထားတဲ့ အမှု ၉ မှု ကို ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ကာတွန်းဆရာဇန်နာက တနင်္ဂလာနေ့က အတည်ပြုပြောကြားပါတယ်။

ဇန်နာဟာ ဝန်ကြီးချုပ်ဟောင်း နာဂျစ်နဲ့ ဇိမ်ခံပစ္စည်းတွေကိုချစ်မြတ်နိုးတဲ့ သူ့ရဲ့ဇနီးတို့ကို မကြာခဏ လှောင်ပြောင်သရော်တဲ့ ကာတွန်းရေးဆွဲသူတစ်ယောက်ဖြစ်ပါတယ်။

ဇန်နာက “သူ့ကို စွဲဆိုထားတဲ့ အမှုတွေကို ရုပ်သိမ်းလိုက်လို့ပျော်ရွှင်ပါတယ်။ ဒါပေမယ့် အကြည်ညိုပျက်စေမှုဆိုတဲ့ ဥပဒေကို မဖျက်သိမ်းသေးတဲ့အတွက် အပြည့်အဝမပျော်နိုင်သေးကြောင်း” သတင်းဌာနတွေကို ပြောပါတယ်။

 

အကြည်ညိုပျက်စေမှု ဥပဒေဆိုတာက ဗြိတိသျှ ကိုလိုနီလက်အောက်ကတည်းက ကျင့်သုံးခဲ့တဲ့ ဥပဒေတွေထဲက တစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့ နာဂျစ်အစိုးရလက်ထက်က လွတ်လပ်စွာပြောဆိုခွင့်ကို အဟန့်အတားဖြစ်စေတဲ့ ဥပဒေဖြစ်တယ်လို့ ဝေဖန်ထောက်ပြမှုတွေ ရှိခဲ့ဖူးပါတယ်။

အစိုးရကို ဝေဖန်ထောက်ပြသူတွေ၊ နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ နဲ့ သတင်းထောက်တွေကို အကြည်ညိုပျက်စေမှုနဲ့ တခြားဥပဒေတွေနဲ့ ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ဖူးပါတယ်။

MDN

ကိုးကား-AFP