မလေးရှားနိုင်ငံတင်နေတဲ့အကြွေးတွေဆပ်ဖို့အတွက် မလေးလူထုက အမေရိကန်ဒေါ်လာ ၁.၈ သန်း ကို ၂၄ နာရီအတွင်း လှူဒါန်း

၃၁ မေ

မလေးရှားအစိုးရက “မျှော်လင့်ချက်ရောင်ခြည် ရန်ပုံငွေ” ဆိုတဲ့နာမည်နဲ့ နိုင်ငံမှာ တင်နေတဲ့အကြွေးတွေကို ပြန်ဆပ်ရေးအတွက် အလှူငွေထည့်ဖို့ ဆော်သြရာ မလေးလူထုက မလေးရှားရင်းဂစ် ၇ သန်း (အမေရိကန်ဒေါ်လာ ၁.၈ သန်း)ကို ဒီကနေ ညနေ ၃ နာရီအထိ ၂၄ နာရီအတွင်း လက်ခံရရှိပါတယ်။

ဒီရန်ပုံငွေအလှူပွဲဟာ မှတ်တိုင်တစ်ခုဖြစ်သွားပါပြီ။ မလေးလူထုက ကျနော်တို့အားလုံး ချစ်တဲ့နိုင်ငံ ပြန်လည်ထူထောင်ရေးအတွက် တိုင်းပြည်ချစ်စိတ်နဲ့ လှူဒါန်းကြတာပါလို့ ဘဏ္ဍရေးဝန်ကြီး လင်ဂွန်အင်း က ပြောပါတယ်။

ဥပဒေဘွဲ့ရ တက်ကြွတဲ့ လူငယ်တစ်ဦးဖြစ်တဲ့ ရှားဇာရီနာ ဘက်ခ်တီ ရဲ့ မလေးရှားတို့ရဲ့ ရက်ရောခြင်းဆိုတဲ့ အွန်လိုင်းကအလှူကောက်ခံတာကို သဘောကျပြီး မလေးအစိုးရက “မျှော်လင့်ချက်ရောင်ခြည် ရန်ပုံငွေ” ဆိုတာကို တစ်ပတ်အကြာမှာ ဖွဲ့လိုက်တာဖြစ်ပါတယ်။

ပွင့်လင်းမြင်သာမှုရှိအောင် အခုကောက်ခံရရှိတဲ့ ငွေကြေးတွေကို နေ့စဉ် မှတ်တမ်းပြုစုပြီး ဘဏ္ဍရေးဝန်ကြီးရုံး ဝက်ဆိုက်ဒ် နှင့် ဝန်ကြီးရုံးရဲ့ လူမှုဆက်သွယ်ရေးတွေကနေ ဖော်ပြပေးသွားမယ်လို့ မစ္စတာ လင် က ပြောပါတယ်။

MDN

ကိုးကား-CNA