မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် အာဏာအလွဲသုံးမှုဖြင့် အဖမ်းခံရ

၂၀ စက်တင်ဘာ

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ကို အာဏာအလွဲသုံးစားလုပ်မှုဖြင့် ဖမ်းဆီးခဲ့ကြောင်း မလေးရှားအဂတိတိုက်ဖျက်ရေးကော်မရှင်က စက်တင်ဘာ ၁၉ရက်နေ့တွင် ပြောကြားသည်။

မလေးရှားဝန်ကြီးချုပ်အဖြစ် ၉နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သော နာဂျစ်သည် အကျင့်ပျက်ခြစားမှုအရှုပ်တော် ပုံအပါအဝင် ယုံကြည်မှုချိုးဖောက်ခြင်းနှင့် အခြားစွပ်စွဲချက်များဖြင့် ရင်ဆိုင်နေရသည်။

မလေးရှား ရင်းဂစ် ၂ ဒသမ ၆ ဘီလီယံ သို့မဟုတ် အမေရိကန်ဒေါ်လာ ၆၂၅ သန်းဝန်းကျင်ကို ၎င်း၏ ဘဏ်စာရင်းထဲသို့ လွှဲပြောင်းခဲ့ကြောင်း ကော်မရှင်က တွေ့ရှိခဲ့သည်။

နာဂျစ်သည် အစောပိုင်းက အစိုးရနှင့် ဆက်စပ်သော ရန်ပုံငွေပါဝင်သည့် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံနှင့် ပတ်သက်သော ယုံကြည်မှုချိုးဖောက်မှု၊ ငွေကြေးခဝါချမှုတို့ဖြင့် စွဲချက်တင်ခံခဲ့ရသော်လည်း ဝန်ကြီးချုပ်ဟောင်း က စွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။

အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကြိုးပမ်းမှုတွင် ထင်ရှားကျော်ကြားသူဖြစ်သည့် နာဂျစ်၏အမှုနှင့်ပတ်သက်၍ စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးမှုပြုလုပ်သွားမည်ဟု မလေးရှားဝန်ကြီးချုပ် မဟာသီဟာ မိုဟာမက်က ပြောကြားသည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်