မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ကို နိုင်ငံတွင်းမှ ထွက်ခွာခွင့် ပိတ်ပင်

ကွာလာလမ်ပူ  ၁၂   မေ

အဂတိလိုက်စားမှုစွဲချက်တွေနဲ့ စုံစမ်းစစ်ဆေးဖို့ ရင်ဆိုင်နေရတဲ့ မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ကို နိုင်ငံတွင်းမှ ထွက်ခွာခွင့် ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။

နာဂျစ်နဲ့ ဇနီးဖြစ်သူကို နိုင်ငံတွင်းမှထွက်ခွာခွင့်မရှိတဲ့ အမည်ပျက်စာရင်းသွင်းလိုက်ပြီဖြစ်ကြောင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေက မေလ ၁၂ ရက် စနေနေ့မှာ ကြေညာခဲ့ပါတယ်။ သူတို့ဇနီးမောင်နှံနှစ်ဦး အင်ဒိုနီးရှားကို လေယာဉ်နဲ့ ထွက်ခွာဖို့ ပြင်ဆင်နေချိန် ကြေညာချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က အောက်လွှတ်တော် မဲပေးပွဲမှာ နာဂျစ်ရာဇတ်ရဲ့ အာဏာရ ညွန့်ပေါင်းအဖွဲ့ဟာ ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက် ဦးဆောင်တဲ့ အတိုက်အခံမဟာမိတ်အဖွဲ့ကို ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် အခုလိုမျိုး  ခရီးသွားလာခွင့်ပိတ်ပင်မှု ထွက်ပေါ်လာတာပါ။

နာဂျစ်ဟာ ငွေကြေးအရှုပ်တော်ပုံနဲ့ ပတ်သက်ပြီး တရားစွဲဆိုမှုကနေ ရှောင်ပြေးဖို့အတွက် တိုင်းပြည်မှ ထွက်ခွာဖို့ ကြိုးစားနေတာဖြစ်တယ်လို့လည်း သိရပါတယ်။ပြီးခဲ့တဲ့ သုံးနှစ်က မလေးရှားပြည်နယ်တစ်ခုက သူ့ရဲ့ ကိုယ်ပိုင်ဘဏ်အကောင့် တစ်ခုမှာ ဒေါ်လာ သန်း ၇၀ဝ ခန့် လက်ခံရရှိခဲ့မှုနဲ့ ပတ်သက်ပြီး နာဂျစ်ဟာ အစွပ်စွဲခံထားရတာဖြစ်ပါတယ်။

နာဂျစ်ဟာ လူမှုကွန်ရက်စာမျက်နှာ ဖေ့စ်ဘုတ်မှာ သူနဲ့ သူ့မိသားစု နိ်ုင်ငံခြားသွားမယ့်အကြောင်း တင်ထားပြီးတဲ့နောက် လေဆိပ်မှာ ဆန္ဒပြသူတွေ စုဝေးရောက်ရှိလာတာပဲဖြစ်ပါတယ်။ သူ့ကို တရားရုံးမှာ အစစ်အခံရသေးခင် မလေးရှားနိုင်ငံတွင်းကနေ ထွက်ခွာခွင့်မပြုသင့်ဘူးလို့ ဆန္ဒပြသူတွေထဲက တစ်ဦးက ဆိုပါတယ်။

လေဆိပ်မှာတော့ နာဂျစ်ကို မတွေ့ရပါဘူး။ အာဏာပိုင်တွေရဲ့ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာပြီး နိုင်ငံတွင်းမှာပဲ နေသွားမှာပါလို့ နာဂျစ်ကတော့က ဆိုထားပါတယ်။

(MDN)

ကိုးကား-NHK