မလှိုင်မြို့ သမိုင်းဝင်ရွှေမုဋ္ဌော ဘုရားရှိ မေတ္တာကန်အား စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

မလှိုင်၊ ၁၇ ဇန်နဝါရီ

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့ သမိုင်းဝင်ရွှေမုဋ္ဌော ဘုရားမြောက်ဘက် ဝတ္တကမြေရှိ မေတ္တာကန် ငါးကန်အတွင်း (ဒေသအခေါ် နဂါးရုံဘုရားကန် ) အတွင်းရှိ အမှိုက်များ ဆယ်ယူခြင်းနှင့် ငါးကန်ပတ်ဝန်းကျင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ဇန်နဝါရီ ၁၇ ရက်  နံနက်က စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။ 

 

မလှိုင်မြို့ သမိုင်းဝင်ရွှေမုဋ္ဌောဘုရားကြီး   “မေတ္တာကန်အတွင်း၌ ငါးများ / လိပ်များအား  ဘေးမဲ့ပေး မွေးမြူထားပြီး  ကန်သန့်ရှင်းရန် နှင့် မြို့နယ်သာယာလှပရေး အစီအစ်ခုတစ်ခုအနေဖြင့် အမှိုက်သရိုက်များ ဆယ်ယူခြင်းနှင့် ကန်ပတ်ဝန်းကျင်ရှိအမှိုက်များ စုပေါင်းသန့်ရှင်းခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

 

မြို့နယ်အထွေထွေအုပ်ချုပ် ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးနှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းနိုင်နှင့် ရဲတပ်ဖွဲ့ဝင်များ ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဉက္ကဋ္ဌ ဦးမြသန်း၊ စည်ပင်အမှုဆောင်အရာရှိ ဦးမင်းသီဟအောင်နှင့် စည်ပင်သာယာရေး ဝန်ထမ်းများ၊ မြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးဇေယျာအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ စသည့် ဌာနဆိုင်ရာ အသီးသီးအပြင် မလှိုင်မြို့ သမိုင်းဝင်ရွှေမုဋ္ဌောဘုရား ဂေါပကဉက္ကဋ္ဌနှင့်အဖွဲ့များ ပူးပေါင်း ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း  သိရသည် ။

 

ဘိုဘို(မလှိုင်)