မလှိုင်မြို့ဝါကြိတ်စက်ရုံဝန်းအတွင်း ဝန်ထမ်းအိမ်ရာအဟောင်းဖျက်ရာမှ အမျိုးသားတစ်ဦး အိမ်တိုင်ပိသေဆုံး

မိတ္ထီလာ ၈  သြဂုတ် 


မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့ နယ်မြေ(၁၃) အမှတ်(၃)ရပ်ကွက် ဝါကြိတ်စက်ရုံဝန်းအတွင်းတွင် သြဂုတ် ၇ ရက် ညနေ ၄ နာရီ ၂၀ မိနစ်အချိန်ခန့်က အဆောက်အဦအဟောင်းဖျက်ရာမှ အမျိုးသားတစ်ဦး အိမ်တိုင်ပိ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
 

သေဆုံးသူမှာ ဦးကျော်သန်း (၇၀)နှစ် အမှတ်(၃)ရပ်ကွက် မလှိုင်မြို့နေသူဖြစ်ပြီး မလှိုင်မြို့ နယ်မြေ(၁၃) အမှတ်(၃)ရပ်ကွက်ရှိ  အမှတ်(၇)အထည်စက်ရုံခွဲ ဝါကြိတ်စက်ရုံဝန်းအတွင်း အလျား(၂၄)ပေ အနံ(၂၄)ပေ အမြင့်(၁၃)ပေ သွပ်မိုး ထရံကာ ဝန်ထမ်းအိမ်ရာ အဆောက်အဦ အဟောင်းအား ၎င်း ဦးဆောင်သည့် လက်သမားအဖွဲ့မှ အနောက်ခန်းအားဖျက်နေစဉ် အိမ်တိုင်ပိသေဆုံးခဲ့ခြင်း ဖြစ်သည်။


ဦးကျော်သန်းမှာ အဆောက်အဦအနောက်ဘက်မှ အရှေ့ဘက်သို့အသွား အဆောက်အဦ၏ ခေါင်းရင်းဘက်ရှိ အရှည်(၁၅)ပေ လုံးပတ်(၂၄)လက်မခန့်ရှိသော အရှေ့ဘက်အလယ်ခေါင်တိုင်မှာ အောက်ခြေမခိုင်ဘဲ ဦးကျော်သန်း၏ ဦးခေါင်းပေါ်သို့လဲကျရာမှ ဒဏ်ရာများရရှိ၍ ဆေးရုံသို့တင်ပို့စဉ် သေဆုံးသွားကြောင်း သိရသည်။
  

ဖြစ်စဉ်နှင့်ပတ်သက်၍  သေမှုသေခင်းအမှတ်စဉ်ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်


ကျော်ကျော်(မလိူင်)