MMA ကမ္ဘာ့လက်ဝှေ့ချန်ပီယံ အောင်လအန်ဆန်နှင့် ငါးသိုင်းချောင်းမြို့ ဒေသခံပရိသတ်များတွေ့ဆုံ

ငါးသိုင်းချောင်း   ၁၂  နိုဝင်ဘာ

 

မြန်မာ့ဩဘာ စိုက်ပျိုးရေးနည်းပညာ ဦးဆောင်ကုမ္ပဏီ၏ စီစဉ်မှုဖြင့် MMA ကမ္ဘာ့လက်ဝှေ့ချန်ပီယံ အောင်လအန်ဆန်နှင့် ဒေသခံပရိသတ်များ တွေ့ဆုံပွဲကို ယနေ့ မွန်းလွဲ ၂ နာရီခွဲက ပုသိမ်ခရိုင် ငါးသိုင်းချောင်းမြို့ ဘုရားလမ်းရှိ သိန်းထိုက်ဇော် ပွဲရုံခန်းမ၌ ပြုလုပ်ခဲ့သည်။

 

တွေ့ဆုံပွဲတွင် MMA ကမ္ဘာ့လက်ဝှေ့ချန်ပီယံ အောင်လအန်ဆန်က ကမ္ဘာ့လက်ဝှေ့ချန်ပီယံ တစ်ဦးအဖြစ် အောင်မြင်မှုရရှိအောင် ကြိုးပမ်းလေ့ကျင့်ခဲ့မှုများနှင့် ဒေသခံပရိသတ်များအား အားပေးစကားများ တိုက်တွန်းပြောကြားခဲ့ကာ လက်ဝှေ့ဝါသနာရှင် ပရိတ်သတ်များဖြင့် စည်ကားစွာ တွေ့ဆုံ‌ခဲ့ကြောင်း သိရသည်။

 

စိုးမင်းဦး(ပြန်/ဆက်)