မြန်အောင်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကိုဗစ်ရောဂါကာကွယ်ရေး Mask များ အခမဲ့ဖြန့်ဝေ 

မြန်အောင် ဇူလိုင် ၆ 

မြန်အောင်မြို့နယ် ကြက်ခြေနီအသင်းခွဲက မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ယနေ့နံနက်က မြန်အောင်မြို့ ရွှေမြင်တင်ဘုရားလမ်းဆုံနှင့် မြို့မနေခြည်ဈေးရှေ့တွင် Mask နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။

Mask နှာခေါင်းစည်း အခမဲ့ဖြန့်ဝေခြင်းကို မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဇော်မြင့်နှင့် တပ်ဖွဲ့ဝင်များက Mask အခု (၂၅၀) အခမဲ့ဖြန့်ဝေခြင်းတို့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။ 

ဝင်းဗိုလ်(ပြန်/ဆက်)