မြန်အောင်မြို့နယ်တွင် ကျောင်းကြက်ခြေနီရှေးဦးပြုစုခြင်း အခြေခံသင်တန်းဆင်းပွဲ ကျင်းပ

မြန်အောင် ၁၈ ဒီဇင်ဘာ

 

မြန်အောင်မြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် အခြေခံပညာဦးစီးဌာန အမက တာကြီးတန်းကျောင်းတို့ ပူးပေါင်းစီစဉ်သော ကျောင်းကြက်ခြေနီ ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်က အ.မ.က တာကြီးတန်း ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

2

 

ကျောင်းကြက်ခြေနီ ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဆင်းပွဲ အခမ်းအနားတွင် မြို့နယ်ကြက်ခြေနီ အသင်းခွဲ ဥက္ကဋ္ဌ ဦးမောင်ဝင်းနှင့် မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းဌေးတို့က အဖွင့်အမှာစကား ပြောကြားပြီး ကျောင်းအကျိုးတော်ဆောင် ဥက္ကဋ္ဌ ဦးစိုးသက်ထိုက်နှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းမြင့်တို့က ကြက်ခြေနီရှေးဦးပြုစုခြင်း သင်တန်းအောင်မြင်အောင် ဆောင်ရွက်ကြသူများကို ကျေးဇူးတင်စကား ပြောကြားသည်။

 

96

 

ကျောင်းကြက်ခြေနီ ရှေးဦးပြုစုခြင်း အခြေခံ သင်တန်းတွင် ထူးချွန်ဆုရ ကျောင်းသား ကျောင်းသူများကို ဆုများ ပေးအပ်ချီးမြှင့်ပေးကြပြီး ပါဝင်ကူညီကြသူများကို အမှတ်တရလက်ဆောင်များ ပေးအပ်၍ အမှတ်တရ စုပေါင်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

 

963.

 

ဝင်းဗိုလ် မြန်အောင်