မြန်အောင်မြို့တွင် မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

မြန်အောင် စက်တင်ဘာ ၁၅

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် စက်တင်ဘာ ၁၄ ရက်နံနက်(၁၀)နာရီက မသန်စွမ်းသူများ အခွင့်အရေးများဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ Talk Show တွင် မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် မြန်အောင်မြို့နယ် ကိုယ်အင်္ဂါ မသန်စွမ်းသူများ အသင်းဥက္ကဌ ဦးအောင်မြင့်တို့က မသန်စွမ်းသူများ၏ အခွင့်အရေးများ၊ မသန်စွမ်းသူများ ကြုံတွေ့ရသည့် အခက်အခဲများ၊ မသန်စွမ်းသူများအား အကူအညီပေးရေး၊ မသန်စွမ်းသူများ၏ ဥပဒေပါခံစားခွင့်များအား သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ပြည်သူများက သိရှိပြီး ပူးပေါင်းပါဝင် ကူညီပေးခြင်းဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

မသန်စွမ်းသူများ၏ အခွင့်အရေးများအား ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာက အွန်းလိုင်းမှ အသိပညာပေးခြင်း၊ နံရံကပ် စာစောင်ပြသခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

 ထွန်းဇော်ထွန်း(မြန်မာစာ)