မန်စီးတီး၊ ချယ်လ်ဆီးတို့နဲ့ ပွဲစဉ်တွေမှာ လွဲချော်မယ့် ဗာရာနီ

မန်ယူအသင်းနောက်တန်းကစားသမား ဗာရာနီဟာ တံကောက်ကြောဒဏ်ရာပြဿနာ ကြုံခဲ့ရတာ ကြောင့် တစ်လကြာအနားယူရမှာဖြစ်တယ်လို့ သိရပါတယ်။ နောက်တန်း ကစားသမား ဗာရာနီဟာ အင်္ဂါနေ့ညပိုင်းက အတ္တလန္တာအသင်းနဲ့ မန်ယူအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့် ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၈ နှစ်အရွယ်ရှိ ပြင်သစ်ကြယ်ပွင့် ဗာရာနီဟာ ဩဂုတ်လအတွင်းက ရီးယဲလ်မက်ဒရစ်အသင်း ကနေ မန်ယူအသင်းဆီကို ပြောင်းရွှေ့ကြေးပေါင် ၃၄ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အခုရရှိထားတဲ့ ဒဏ်ရာကြောင့် မန်စီးတီးအသင်း၊ ချယ်လ်ဆီးအသင်းတို့နဲ့ ယှဉ်ပြိုင်ကစားမယ့် ပရီမီယာလိဂ်ပွဲစဉ်တွေ မှာ လွဲချော်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒဏ်ရာပြဿနာ ထပ်မံကြုံတွေ့ခဲ့ လက်ရှိ မန်ယူအသင်းရဲ့ နောက်တန်းမှာ ဖီးလ်ဂျုံးစ်က မပါဝင်နိုင် ခဲ့တာ နှစ်နှစ်နီးပါး ရှိသွားပြီဖြစ်သလို မာကီယာကလည်း ပုံစံကောင်းပြန်လည်ရရှိဖို့ ရုန်းကန်နေရပြီး ဗာရာနီ ဒဏ်ရာပြဿနာထပ်မံကြုံတွေ့ခဲ့တာကြောင့် မန်စီးတီးအသင်းရဲ့ အိမ်ကွင်းကို သွားရောက် ကစားမယ့်ပွဲစဉ်မှာ နောက်တန်းခံစစ်ကြောင်း ပြဿနာနဲ့ပတ်သက်ပြီး နည်းပြဆိုးရှားအတွက် ဖိအားတွေရှိနေခဲ့တာ ဖြစ်ပါတယ်။

ငွေကြယ်