မန်စီးတီးကွင်းလယ်ကစားသမား ဒီဘရိုင်း အဖျားရောဂါမှ ပြန်လည်သက်သာလာ

mdn

ဧပြီ ၁၉

 

မန်စီးတီးအသင်းရဲ့ ကွင်းလယ်ကစားသမား ကီဗင်ဒီဘရိုင်းဟာ အဖျားရောဂါကနေ ပြန်လည်သက်သာလာ ပြီဖြစ်တယ်လို့ဆိုပါတယ်။ ဒါပေမယ့်သူ့မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါရှိ၊ မရှိဆိုတာ မသေချာသေးဘူးလို့လည်း ဒီဘရိုင်းက ပြောကြားခဲ့ပါတယ်။

 

ကွင်းလယ်ကစားသမားဒီဘရိုင်းနဲ့ သူ့ရဲ့ မိသားစုဟာ နှစ်ပတ်ကြာ အဖျားရောဂါခံစားခဲ့ရတာ ဖြစ်ပါ တယ်။ ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော် အခုကျန်းမာရေးကောင်းသွားပါပြီ။ ကျွန်တော်တို့မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု ရှိ၊ မရှိဆိုတာကတော့ မသိပါဘူး။ မိသားစုမှာ ရောဂါ လက္ခဏာ တချို့တော့ပြပါတယ်ဟု ဒီဘရိုင်းက စကိုင်းအားကစားသတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ဒီဘရိုင်းဟာ ဘောလုံးပွဲတွေ ရပ်နားထားခဲ့ပြီး ပြီးခဲ့တဲ့လက အသွားအလာကန့်သတ်ခဲ့ချိန်မှာ မန်ချက်စတာ မှာ ရှိနေခဲ့သူလည်း ဖြစ်ပါတယ်။

 

ငွေကြယ်