မန်စီးတီးနဲ့ပွဲမှာ ရလဒ်ကောင်းရေး အာရုံစိုက်ထားကြောင်း ဆိုလိုက်တဲ့ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်

၇  နိုဝင်ဘာ

မနက်ဖြန်မှာ ယဉ်ပြိုင်မယ့် မန်စီးတီးနဲ့ လီဗာပူးအသင်းတို့ရဲ့ ပွဲစဉ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပွဲ မဟုတ်ပေမယ့်  အီတီဟဒ်ကွင်း အစဉ်အလာဆိုးကို ပယ်ဖျက်ဖို့ အသေအချာ အာရုံစိုက်ကစားသွားမှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

 

ကလော့ပ်က  မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ အင်အားကြီးအသင်းဖြစ်ပြီး အိမ်ကွင်း အစဉ်အလာကောင်းကိုလည်း ပိုင်ဆိုင်ထားတာကြောင့် လီဗာပူးအနေနဲ့ အဲဒီပွဲမှာ ရလဒ်ကောင်းမွန်ရေး အထူးအာရုံစိုက်ကစားသွားမှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။  လီဗာပူးအနေနဲ့  မန်စီးတီးကို အဝေးကွင်း နောက်ဆုံး သုံးပွဲသွားရောက်ရင်ဆိုင်ခဲ့ရာမှာ ပွဲတိုင်း ရှုံးနိမ့်ခဲ့ပြီး ပေးဂိုးလည်း မြင့်မားခဲ့တာကို  တွေ့ရပါတယ်။

 

ကလော့ပ်ကတော့ “ကျွန်တော့်ကစားသမားတွေ ရဲရဲရင့်ရင့် ကစားဖို့လိုသလို နောက်တန်းခံစစ် ကစားပုံကလည်း ကောင်းမွန်ဖို့ လိုပါတယ် လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးဟာ  မန်စီးတီးနဲ့ တွေ့ဆုံခဲ့တဲ့ အဝေးကွင်းပွဲ  နောက်ဆုံး ၁၁ ပွဲမှာ ပွဲတိုင်းဂိုးပေးခဲ့ရပါတယ်။

 

လီဗာပူးအနေနဲ့ လတ်တလောမှာ ခံစစ်ကစားသမားတွေ ဒဏ်ရာရရှိမှု များပြားနေပြီး  ဗဟိုခံစစ်နေရာမှာ ဂိုးမက်စ်နဲ့ လူငယ်ကစားသမား တစ်ဦးဦးကို တွဲဖက်ကစားခိုင်းမယ်ဆိုရင် ဂျေဆူး ပြန်ပါလာမယ့်   မန်စီးတီး တိုက်စစ်ကို  ထိန်းဖို့ ခက်ပါလိမ့်မယ်။  လီဗာပူးက ဒဏ်ရာရ ကစားသမားတွေ များနေခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာရော  ချန်ပီယံလိဂ်မှာပါ  ရလဒ်တွေက ကောင်းမွန်ဆဲ ဖြစ်ပါတယ်။

မေလဲ့သင်း