မင်းဘူး(စကု)မြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၂ ဦး ဆေးရုံဆင်းခွင့်ရရှိ

မင်းဘူး   ၁၁ အောက်တိုဘာ

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်တွင် ပထမဆုံးတွေ့ရှိခဲ့သော ကိုဗစ်-၁၉ အတည်ပြုလူနာ ၂ ဦးအား ယနေ့ နံနက် ၁၀ နာရီက ဆေးရုံမှဆင်းခွင့်ပြုလိုက်ကြောင်း ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ခိုင် ထံမှ ပြောသည်။

အဆိုပါ ဆေးရုံဆင်းခွင့်ရရှိသူ ၂ ဦးအား အသွားအလာကန့်သတ်ကာ နေအိမ်တွင် ၇ ရက် ဆက်လက်နေထိုင်စေပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ  နေထိုင်သွားကြရန် တာဝန်ရှိသူများက မှာကြားကာ မင်းဘူးမြို့ ဗြဟ္မစိုရ်လူမှုကူညီးရေးအသင်းမှ မော်တော်ယာဉ်ဖြင့် ၎င်းတို့နေအိမ်အရောက် ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)