မင်းဘူး(စကု)မြို့နယ်တွင် ကိုဗစ်-၁၉ ရာဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးများ ထိုးနှံရေးကို လှည့်လည်နှိုးဆော်

မင်းဘူး စက်တင်ဘာ ၂၅

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန်အတွက် ပြည်သူများသိရှိစေရန် အသိပညာပေးနှိုးဆော်ခြင်းကို စက်တင်ဘာ ၂၄ ရက် နံနက် ၁၁ နာရီက အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့နှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်မှ မထိုးနှံရသေးသော အသက် ၁၈ နှစ်အထက်ရှိသူများ မင်းဘူးမြို့ ဦးဩဘာသခန်းမ၌ လာရောက်ထိုးနှံကြရန်၊ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးထားပြီး ဒုတိယအကြိမ် ကာကွယ်ဆေး မထိုးရသေးဘဲ ကျန်ရှိနေသူများကိုလည်း ကာကွယ်ဆေး အကြိမ်ပြည့် လာရောက်ထိုးနှံကြရန် လိုက်လံနှိုးဆော်ပေးခဲ့ကြာင်း သိရသည်။

အဆိုပါနှိုးဆော်မှုတွင် မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များက မင်းဘူးမြို့ပေါ်တစ်လျှောက် ရပ်ကွက်များသို့ လှည့်လည်၍ ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များ လိုက်နာကြရန်နှင့် ဒုတိယအကြိမ် ဆေးထိုးရန် ကျန်နေသူများနှင့် ပထမအကြိမ် ဆေးမထိုးရသေးသော သူများကို ဦးဩဘာသခန်းမတွင် လာရောက်ထိုးနှံကြရန် တိုက်တွန်းနှိုးဆော်ခဲ့သည်။

ဇေယျာထက် (မင်းဘူး)