မင်းဘူးခရိုင်အတွင်း ကျေးလက်ရေရရှိရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

မင်းဘူး စက်တင်ဘာ ၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မင်းဘူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် ဒေသအလိုက် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

မင်းဘူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ယခုဘဏ္ဍာနှစ်တွင် မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော မင်းဘူးမြို့နယ်၊ ပွင့်ဖြူမြို့နယ်၊ စလင်းမြိုနယ်၊ ငဖဲမြို့နယ်နှင့် စေတုတ္တရာမြို့နယ်တို့တွင် ရံပုံငွေကျပ်သန်းပေါင်း ၂၂၅ ဒသမ ၃၈ သန်းဖြင့် စက်ရေတွင်း ၇ တွင်း၊ စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်း ၂ ခု၊ ရေစုကန်တည်ဆောက်ခြင်းလုပ်ငန်း ၂ ခု၊ ရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်း ၄ ခု၊ ရေရရှိရေးလုပ်ငန်းပေါင်း ၁၃ ခုကို ဆောင်ရွက်ခဲ့သည်။

အဆိုပါ ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်သည့်အတွက် မင်းဘူးခရိုင်အတွင်းရှိ မြို့နယ် ၅ မြို့နယ်မှ ကျေးရွာ ၁၃ ရွာတွင် နေထိုင်သော လူဦးရေ ၅၁၅၂ ဦး သန့်ရှင်းသော သောက်သုံးရေ ရရှိနေပြီဖြစ်ကြောင်း  မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးတင့်လွင်ဦး ထံမှ သိရသည်။

အထွေး(ကျေးလက်)