မင်းဘူးမြို့ တမာတန်းလမ်းရှိ ယာယီနံနက်ခင်းဈေး၌ ဈေးရောင်းဈေးဝယ်များအား Mask များ အခမဲ့ဖြန့်ဝေ

မင်းဘူး ဇူလိုင် ၃

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် အထောက်အကူပြုနိုင်စေရန် ရည်ရွယ်၍ နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေခြင်းကို ဇူလိုင် ၃ ရက် နံနက် ၅ နာရီက မင်းဘူးမြို့ တမာတန်းလမ်းရှိ ယာယီ နံနက်ခင်းဈေး၌ ဆောင်ရွက်ခဲ့ကြသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ချမ်းသာကြီး ပရဟိတ လူမှုကူညီရေး (မင်းဘူး) တို့ ပူးပေါင်းပြီး မင်းဘူးမြို့ တမာတန်းလမ်းရှိ ယာယီ နံနက်ခင်းဈေးအဖြစ် လက်လီလက်ကား ရောင်းဝယ်ဖောက်ကားနေကြသော ဈေးရောင်း ဈေးဝယ်များနှင့် လမ်းသွားလမ်းလာ မိဘပြည်သူများအား အလှူရှင်များမှ လှူဒါန်းသော နှာခေါင်းစည်း (Mask) အခုရေ ၂၀၀၀ ကို အခဲ့မဲ့ဖြန့်ဝေပေးခဲ့ကြခြင်း ဖြစ်သည်။

 

မောင်မောင်(မင်းဘူး)

mdn