မင်းဘူးမြိုနယ်တွင် မွေးမြူရေးနှင့် ကုသရေးဉီးစီးဌာနမှ ကြီးမှူးကာ ကမ္ဘာ့ပဋိဇီဝဆေး အသိပညာပေး ရေး ရက်သတ္တပတ် အထိမ်းအမှတ် ဟောပြောပွဲ ကျင်းပ

မင်းဘူး ၂၅  နိုဝင်ဘာ           

 

မင်းဘူးခရိုင်၊ မင်းဘူးမြိုနယ် မွေးမြူရေးနှင့် ကုသရေးဉီးစီးဌာနမှ ကျင်းပသည့် ကမ္ဘာ့ပဋိဇီဝ ဆေးယဉ်ပါးမှုဆိုင်ရာ အသိပညာပေးရေး ရက်သတ္တပတ်လှုပ်ရှားမှုအနေဖြင့် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်မွေးမြူရေးနှင့် ကုသရေးဉီးစီးဌာနရုံး၊ အစည်း အဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။

 

ရှေးဉီးစွာ အသိပညာပေး ဟောပြောပွဲတွင် မွေးမြူရေးနှင့် ကုသရေးဉီးစီးဌာန၊ ခရိုင်ဉီးစီးမှူး ဒေါက်တာအောင်ကျော်မိုးက ပဋိဇီဝဆေးယဉ်ပါးမှုဆိုင်ရာ အသိပညာပေးရေး ရက်သတ္တပတ် လှုပ်ရှားမှု ပြုလုပ်ရခြင်း အကြောင်းများနှင့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲသည်။ ဆက်လက်၍ မြို့နယ်ဉီးစီးမှူး ဒေါက်တာအောင်မြင့်က ပဋိဇီဝဆေးများ ထုတ်လုပ်သုံးစွဲခြင်း အာနိသင်များ၊ ပဋိဇီဝဆေးများ အကြောင်းများ သိရှိစေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း    သိရသည်။

 

ထို့နောက် ဒုတိယဉီးစီးမှူး ဒေါက်တာဆောင်းဉီးဝေ နှင့် ဒုတိယဉီးစီးမှူး  ‌ဒေါက်တာအိအိဆွေ အောင်တို့က တက်ရောက်လာသူများမှ သိရှိလိုသည်များကို ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိ ရသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲကို မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံ မွေးမြူရေး တောင်သူ(၂၂)ဉီး တက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များ  ဖြန့်ဝေပေး ခဲ့ကြောင်း သိရှိရသည်။

 

ကျော်စိုးဝင်း(မင်းဘူး)