မင်းဘူးမြို့ရှိ ထောက်ရှာပင်ကမ်းနီရေနံမြေ အမှတ်(၁)၊ ကျောက်တန်းရေတင်စက်အနီးတွင် ကိုင်းတော ၅ ဧကခန့်  တောမီးလောင်ကျွမ်းမှုဖြစ်ပွား

မင်းဘူး ၂၅  ဧပြီ                     

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်ရှိ ထောက်ရှာပင်ကမ်းနီရေနံမြေ အမှတ်(၁)၊ ကျောက်တန်းရေတင်စက်အနီးတွင် ယ​မန်နေ့ မွန်းလွဲ ၂ နာရီ က ကိုင်းတော ၅ ဧက ခန့် တောမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ သိရှိရသည်။

           

ဖြစ်စဉ်မှာ မင်းဘူးမြို့နယ် မီးသတ်စခန်း၏ တောင်ဘက် ၅ မိုင်ခန့်အကွာ မင်းဘူးမြို့ရှိ ထောက်ရှာပင် ကမ်းနီရေနံမြေအမှတ်(၁)၊ ကျောက်တန်း ရေတင်စက်အနီးတွင် တောမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသဖြင့် မီးလောင်ရာနေရာသို့ မြို့နယ် မီးသတ်ဦးစီးမှူး ဦးစိန်ထွန်းဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၇ ဦး၊ မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ မီးသတ်ရေ သယ်ယာဉ် ၁ စီး၊ ထောက်ရှာပင်နယ်မြေ မီးသတ်စခန်းမှ လက်ထောက် မီးသတ် ဦးစီးမှူး ဦးနိုင်လင်းဖြိုး ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၉ ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် ၅ ဦး၊ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ မီးသတ်ရေသယ်ယာဉ် ၁ စီး၊ ထောက်ရှာပင် ကမ်းနီရေနံမြေမှ သီးသန့် မီးသတ်တပ်ဖွဲ့ဝင် ၅ ဦး၊ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ မီးသတ်ရေသယ် ယာဉ် ၁ စီး၊ စုစုပေါင်း သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၂၆ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၅ ဦး၊ သီးသန့် မီးသတ်တပ်ဖွဲ့ဝင် ၅ ဦး၊ မီးသတ်ယာဉ် ၇ စီးဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ၅ နာရီနှင့် ၁၀မိနစ် အချိန်တွင် မီးထိန်းနိုင် ခဲ့ပြီး ၅ နာရီခွဲ အချိန်၌ ရေဂါလံ ၈၀၀၀ ခန့်ဖြင့် မီးငြှိမ်းသတ်နိုင်ခဲ့သည်။ 

 

အဆိုပါ ကိုင်းတော မီးလောင်ကျွမ်းမှုတွင် လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရသည်။ 

 

မောင်မောင်(မင်းဘူး)