မင်းဘူးမြို့တွင် တရားဝင် လိုင်စင်မရှိဘဲ အရက်ဘီယာများ စုဆောင်းသိုလှောင်ထားသူအား အရေးယူ

မင်းဘူး    ၃၁ ဇူလှိုင်

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ကာကြီးကွင်း တက်နေလင်း ကုန်စည်ပို့ ဆောင်ရေးဂိတ်တွင် တရားဝင်လိုင်စင်မရှိဘဲ အရက်ဘီယာများကို စုဆောင်းသိုလှောင်ထားရှိ သူအား ယမန်နေ့က ဖမ်းဆီးအရေးယူခဲ့ကြောင်း မင်းဘူးမြို့မရဲစခန်းမှ သိရှိရသည်။

 

ဖြစ်စဉ်မှာ မြို့မရဲစခန်းမှ နယ်ထိန်းအရာရှိ ဒုရဲအုပ်ကျော်ငြိမ်းနှင့် တပ်ဖွဲ့ဝင်များသည်  ညဉ့်နက် လှည့်ကင်းဆောင်ရွက်နေစဉ် တက်နေလင်း ကုန်စည်ပို့ဆောင်ရေးဂိတ်သို့ စစ်ဆေးရာ ဂိတ်မှူး ဉီးမျိုးနိုင်အား တရားဝင်လိုင်စင်မရှိဘဲ အရက်ဘီယာများကို ဂျပ်ဖာများဖြင့် စုဆောင်း သိုလှောင်ထားရှိခဲ့ကြောင်း တွေ့ရှိရသဖြင့် ဝင်ရောက် ရှာဖွေစစ်ဆေးရာမှ   အရက်နှင့်ဘီယာ တံဆိပ်မျိုးစုံပါ ဂျပ်ဖာ ၁၂၄ ဖာအား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

သို့ဖြစ်ပါ၍ တရားဝင်သိုလှောင်စုဆောင်းခွင့် လိုင်စင်မရှိဘဲ ပစ္စည်းများအား လက်ဝယ် ထားရှိသူ ဉီးမျိုးနိုင်(ဂိတ်မှူး)အား ဉပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း မင်းဘူးမြို့မ ရဲစခန်းမှ သိရှိရသည်။  

 

ကျော်စိုးဝင်း(ခရိုင်ပြန်/ဆက်)