မင်ဒါနာအို ပွဲတော်တွင် ပေါက်ကွဲမှုဖြစ်ပွား တစ်ဦး သေဆုံး

၂၉ သြဂုတ်

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနာအိုကျွန်းက ပွဲတော်တစ်ခု၌ ပေါက်ကွဲမှုဖြစ်ပွားရာ လူ ၁ ဦး ထက်မနည်း သေဆုံးခဲ့ပြီး ၃၀ ဦး  ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

စူလတန် ကူဒါရတ်ပြည်နယ် မြို့တော် အိုင်စူလန်တွင် သြဂုတ်လ ၂၈ ရက်နေ့ညနေပိုင်းက ရပ်နားထားသော ဆိုင်ကယ်တစ်စီးမှ စတင် ပေါက်ကွဲခဲ့ပြီးနောက် မိနစ် ၄၀ အကြာ  အခြားနေရာတစ်ခု၌ ထပ်မံ ပေါက်ကွဲမှုတစ်ခု  ဖြစ်ပွားခဲ့သည်ဟု သတင်းများတွင် ဖော်ပြထားသည်။

ကိုးကား အန်အိတ်ချ်ကေ
ဘာသာပြန် မြင့်မြင့်ချို