မင်္ဂလာဒုံ၊ ရွှေပြည်သာနှင့် ကျိုင်းတုံမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၇ ရက် ညနေ ၅ နာရီတွင် မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စု၊ ပေါင်းကူကျေးရွာအနီးတွင် မသင်္ကာဖွယ်တွေ့ရှိသူ ကျော်လင်းဖြိုးအား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ကိုလည်းကောင်း၊ ထိုနေ့ မွန် ၂ နာရီ ၄၅ မိနစ်တွင် ရွှေပြည်သာမြို့နယ်၊ (၆/၁၂) ရပ်ကွက်၊ နတ်မောက်ပန်းခြံလမ်းရှိ ဝင်းမင်းဟန် (ခ) ဝင်းမင်း၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၂၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။

အလားတူ ယင်းနေ နံနက် ၇ နာရီ ၄၅ မိနစ်တွင် ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စု၊ နောင်ဖာ ကျေးရွာအနီးတွင် လုကာမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား