မင်္ဂလာဒုံမြို့နယ်၌ အသက်(၇၀)နှစ်အထက် ဘိုးဘွားများနှင့် ရွှေ့ပြောင်းအိမ်ထောင်စု (၄၀၀၀)ခန့်အား ဆန်ထောက်ပံ့ပေးအပ်

မင်္ဂလာဒုံ ၆ မေ

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း အခက်အခဲဖြစ်ပေါ်နေသည့် ပျဉ်းမပင်ကျေးရွာရှိ အသက်(၇၀)နှစ်အထက် ဘိုးဘွားများအား တစ်ဦးလျှင် ဆန်နှစ်ပြည်နှုန်းနှင့် ရွှေ့ပြောင်းအိမ်ထောင်စုများအား တစ်အိမ်ထောင်လျှင် ဆန်တစ်ပြည်နှုန်းဖြင့် မေ ၆ ရက် နံနက် ၇ နာရီမှစတင်၍ တစ်အိမ်တက်ဆင်း လိုက်လံထောက်ပံ့ပေးအပ်ခဲ့သည်။

 

အဆိုပါ ထောက်ပံ့ပေးအပ်ခြင်းကို မြန်မာနိုင်ငံ ခရစ်တော်သာသနာပြန့်ပွားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ချုပ် ကိုယ်စား မင်္ဂလာဒုံမြို့နယ်၊ တာဝန်ခံ ဦးယောဟန်မှ ပျဉ်းမပင်ကျေးရွာရှိ အသက်(၇၀)နှစ်အထက် ဘိုးဘွား(၉၆)ဦးအား တစ်ဦးလျှင် ဆန်နှစ်ပြည်နှုန်းဖြင့် လည်းကောင်း၊ ရွှေ့ပြောင်းအိမ်ထောင်စု (၄၀၀၀)ခန့်အား တစ်အိမ်ထောင်လျှင် ဆန်တစ်ပြည်နှုန်းဖြင့် လည်းကောင်း စုစုပေါင်း ဆန်အိတ် (၁၇၀) အိတ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ယခုကဲ့သို့ တစ်အိမ်တက်ဆင်း လိုက်လံထောက်ပံ့ခြင်းကို ပျဉ်းမပင်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များမှ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

မြတ်သူဇာ(မင်္ဂလာဒုံ)