မြင်းခြံမြို့နယ်မှ အမြွှာညီအစ်မ(၃)ဦးလုံး (၄)ဘာသာဂုဏ်ထူးဖြင့် တက္ကသိုလ်ဝင်တန်းအောင်မြင်

မြင်းခြံ ၂ ဇွန်

၂၀၁၇ - ၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို ၂၀၁၈ခုနှစ် ဇွန်လ(၂)ရက်၊ စနေနေ့တွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံး ထုတ်ပြန်ကြေငြာခဲ့ရာ မြင်းခြံမြို့တွင်လည်း အချိန်နှင့်တပြေးညီ ကြေငြာခဲ့ပါသည်။

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ် စာစစ်ဌာနတွင် ဖက်ပင်အိုင်ကျေးရွာနေ အမြွှာညီအစ် မ (၃)ဦးဖြစ်သော ခုံအမှတ် မခ-၃၄၅ မသန့်ထားထားဇော်သည် သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ မခ - ၃၄၈ မသန့်ထူးထူးဇော်သည် သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ မခ - ၃၅၀ မသန့်ထက်ထက်ဇော်သည် မြန်မာစာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ တို့ဖြင့် (၄)ဘာသာစီ ဂုဏ်ထူးများဖြင့် အောင်မြင်ခဲ့ကြောင်း သိရှိရသည်။

 

၂၀၁၇ - ၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြင်းခြံမြို့နယ်မှ စာစစ်ဌာန(၇)ခု တွင် ဖြေဆိုသူ(၄၆၆၀)ဦး ဖြေဆိုခဲ့ပြီး (၁၅၄၈)ဦးအောင်မြင်ခဲ့ကာ အောင်ချက်ရာခိုင်နှုန်း(၃၃.၂၂) ရာခိုင်နှုန်းရှိ သည်။ တက္ကသိုလ်ဝင်တန်းအောင်မြင်သူများထဲမှ (၆)ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင်(၈)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် ( ၁၆)ဦး၊ (၃)ဘာသာ ဂုဏ်ထူးရှင်(၂၁)ဦး၊ (၂)ဘာသာ ဂုဏ်ထူးရှင်(၅၈)ဦး၊ (၁)ဘာ သာ ဂုဏ်ထူးရှင် (၂၀၃) ဦး စုစုပေါင်း ဂုဏ်ထူးဖြင့်အောင်မြင်သူ(၃၀၇)ဦး ရှိခဲ့သည်။

ဘာသာရပ်အလိုက် ဂုဏ်ထူးထွက်ရှိမှုမှာ မြန်မာစာ(၃၁)ဦး၊ အင်္ဂလိပ်စာ(၂)ဦး၊ သင်္ချာ(၆၅)ဦး၊ ဓာတုဗေဒ(၁၀ဝ)ဦး ရူပဗေဒ (၅၀)ဦး၊ ဇီဝဗေဒ(၈၃)ဦး၊ ဘောဂဗေဒ(၁၅၅)ဦး၊ ပထဝီဝင်(၅)ဦး၊ သမိုင်း(၁)ဦး စုစုပေါင်း ဘာသာရပ်အလိုက် ဂုဏ်ထူးပါရှိသူ(၄၉၂)ဦး ရှိကြောင်း သိရှိရသည် ။

ဦးဇော်မင်းနိုင် (မြင်းခြံ)