မင်းကင်းမြို့၏ အနောက်တောင်ဘက် ၁၂ မိုင်ခန့်အကွာတွင်  အင်အားရစ်(ခ်)တာစကေး  ၃ ဒသမ ၇  အဆင့်ရှိ မြေငလျင်လှုပ်ရှား

မင်းကင်း ၃၀ မေ


၂၀၂၀ ပြည့်နှစ်၊ မေ ၃၀ ရက်၊ မြန်မာစံတော်ချိန် (၀၁) နာရီ၊ (၁၃)မိနစ် တွင် ဟားခါးမြေငလျင်စခန်းမှ အရှေ့-အရှေ့မြောက်ဘက်  ၄၇ မိုင်ခန့်ကွာဝေးသော မင်းကင်းမြို့၏ အနောက်တောင်ဘက် ၁၂ မိုင်ခန့်အကွာတွင်  အင်အားရစ်(ခ်)တာစကေး  ၃ ဒသမ ၇  အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခု လှုပ်ရှားသွားကြောင်းသိရသည်။

အဆိုပါမြေငလျင်သည် မြောက် လတ္တီတွဒ်  ၂၂ ဒသမ ၇၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒသမ ၃၃ ဒီဂရီ၊ အနက်  ၃၇ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

MDN