မင်းကင်းမြို့နယ် ချင်းတွင်းမြစ် အတွင်းမှ တရားမဝင်သစ် (၁၉)သိန်း ကျော်ဖိုး ဖမ်းမိ

မင်းကင်း ၈ သြဂုတ်


စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ကူးဆိပ်ကျေးရွာအနီး၊ ချင်းတွင်းမြစ်အတွင်းမှတရားမဝင်ကျွန်းသစ်လုံးနှင့် အင်ခွဲသားများ ဖမ်းမိခဲ့ကြောင်း သိရသည်။


ချင်းတွင်းမြစ်အတွင်း တရားမဝင်သစ်များ သယ်ဆောင်နေမှုကို သက်ဆိုင်ရာက သြဂုတ် ၇ ရက် နေ့ည ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် လိုက်လံစစ်ဆေးဆောင်ရွက်နေစဉ် မင်းကင်းမြို့နယ်၊ ရွာဘကျေးရွာနေ မြင့်ခိုင်သည် တရားမဝင်ကျွန်းသစ်လုံး(၂၂)လုံး၊ သုံးပေအောက်ကျွန်းသစ်(၆)လုံး၊ အင်ပကာ(၄၅၀)ချောင်းအားဖောင်ဖွဲ့၍ သယ်ဆောင်လာကြောင်း ရှာဖွေစစ်ဆေးတွေ့ရှိရသဖြင့် မြင့်ခိုင်ကို မင်းကင်းမြို့မရဲစခန်းမှ ဥပဒေအရ ဖမ်းဆီးအရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

  
လူအောင်(ကသာ)