မင်းလှမြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ကုသရေးအတွက် ဆေးရုံသုံးပစ္စည်းများ‌ပေးအပ်လှူဒါန်း

မင်းလှ   ၂၇  ဧပြီ  

 

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်အတွင်းရှိ ပြည်သူ့ဆေးရုံ၊ တိုက်နယ်ဆေးရုံနှင့် ကျေးလက် ကျန်းမာရေးဌာနများ၌ ကိုဗစ်−၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများဆောင်ရွက်ရာ၌ အသုံးပြုနိုင်ရေးအတွက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အင်းမတပ်နယ်မှ ပေးအပ်လှူဒါန်းသော ဆေးရုံသုံး ပစ္စည်းများကို ဧပြီ ၂၇ ရက် နံနက် ၁၀ နာရီချိန်တွင်  ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ဆေးရုံသုံးပစ္စည်းများကို အင်းမတပ်နယ်၊တပ်နယ်မှူး ဗိုလ်မှူးကြီးနိုင်ဇော်ဦးနှင့် အရာရှိ စစ်သည်များက မင်းလှမြို့နယ် ပြည်သူ့ဆေးရုံအတွက်  နှာခေါင်းစည်း ၁၀ဝ ခု ၊N-95 နှာခေါင်းစည်း ၅ ခု၊ ရောဂါကာကွယ်ရေး ဝတ်စုံ ၁၀ စုံ၊ လက်အိတ် ၅ စုံ၊ မျက်မှန် ၅ ခု၊ လက်သန့်ဆေးရည်  ၂ ဘူး ၊လက်ဆေးဆပ်ပြာ ရည် ၆ ဘူးတို့ကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာလှဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့မရဲစခန်းမှုးတို့ထံ ပေးအပ်လှူဒါန်းခဲ့သည်။

 

ဆက်လက်၍ စစ်ကွင်းတိုက်နယ်ဆေးရုံနှင့် ကျန်းမာရေးဌာန(၆)ခုတို့အတွက် ဆေးရုံသုံးပစ္စည်းများ အသီးသီးတို့ကိုလည်း ပေးအပ်လှူဒါန်းခဲ့ကြသည်။

 

မင်းလှမြို့နယ်အတွင်းရှိ ပြည်သူ့ဆေးရုံ၊ တိုက်နယ်ဆေးရုံနှင့် ကျေးလက်ကျန်းမာရေးဌာနများ၌ ဆေးရုံသုံးပစ္စည်း စုစုပေါင်း နှာခေါင်းစည်း ၄၉၀ ခု၊ N-95 နှာခေါင်းစည်း  ၂၇ ခု၊  ရောဂါကာကွယ် ရေးဝတ်စုံ ၄၈ စုံ၊ လက်အိတ် ၅ ခု၊  မျက်မှန် ၂၄ ခု၊ လက်သန့်ဆေးရည် ၁၆ ဘူး၊ လက်ဆေးဆပ်ပြာရည် ၄၈ ဘူးတို့ကို ဖြန့်ဝေလှူဒါန်းခဲ့‌ကြောင်း သိရသည်။

 

ပေါက်စမင်းလှ