မင်းလှမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအသုတ် ပထမအကြိမ်  ဆက်လက်ထိုးနှံပေး

အထက်မင်းလှ   စက်တင်ဘာ  ၁၇

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီက မြို့နယ်အတွင်းရှိ သတ်မှတ်ထားသည့် ဆေးထိုးစုရပ်များ၌ ထိုးနှံပေးလျက်ရှိသည်။

 

မင်းလှမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးရာတွင် အသက်(၅၅)နှစ်မှ (၆၄)နှစ်အတွင်းရှိသူများ၊ မသန်စွမ်းသူများ၊ နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူများ အပါအဝင် သတ်မှတ်ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ပြီး ဒုတိယအသုတ် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာ(၁၅)ရက်နေ့က စတင်ထိုးနှံပေးခဲ့ရာ စက်တင်ဘာ(၁၆)ရက်နေ့အထိ ကာကွယ်ဆေးထိုးနှံပြီးသူ(၁၅၆၆)ဦး ရှိကြောင်း သိရသည်။

 

အဆိုပါကာကွယ်ဆေးထိုးနှံရာ၌ ကျန်းမာရေးဝန်ထမ်းများက ဆေးထိုးနှံပေးပြီး၊ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ မင်းလှမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအသုတ် ပထမအကြိမ်ကာကွယ်ဆေးကို လူဦးရေ(၈၁၀၀) ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

           

ဇာဇာ(အထက်မင်လှ)